Connect with us

Hi, what are you looking for?

News

နယ်စပ်ကို တရားမဝင် ဖြတ်ကျော်တဲ့ မြန်မာ ၅၀ ခန့်ကို ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဖမ်းဆီး

လမ်းပြတွေကတော့ ထားဝယ်နဲ့ပဲခူးက အမျိုးသား ၄ ဦးဖြစ်ပြီး ဘန်ကောက်ကို သွားဖို့ စောင့်ဆိုင်းနေကြချိန်မှာပဲ အားလုံး ဖမ်းခံခဲ့ရတာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချနာဘူရီ ၊ ဆိုင်ယော့ခရိုင် အတွင်းမှာ ဒီနေ့ စက်တင်ဘာလ ၂၀ ရက် မနက်ပိုင်းက နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာတဲ့ မြန်မာ ၅၀ ဦးခန့်ကို ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာကဖော်ပြပါတယ်။

ထိုင်း−မြန်မာနယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် ထိုင်းစစ်တပ် နဲ့ရဲ စုပေါင်းကင်းလှည်အဖွဲ့ က ဖမ်းမိခဲ့တာလို့သိရပါတယ်။

ဒီလို ဖမ်းမိတဲ့အထဲမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာသူ အမျိုးသား ၂၈ ဦး၊အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၄၇ ဦး နဲ့ လမ်းပြ ၄ ဦး ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။

လမ်းပြတွေကတော့ ထားဝယ်နဲ့ပဲခူးက အမျိုးသား ၄ ဦးဖြစ်ပြီး ဘန်ကောက်ကို သွားဖို့ စောင့်ဆိုင်းနေကြချိန်မှာပဲ အားလုံး ဖမ်းခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

အခုလို ဖမ်းခံရသူတွေဟာ ဘန်ကောက် ကိုရောက်ရင် အလုပ်ရှာပေးမယ့် ပွဲစားဆီ တဦးကို ထိုင်းဘတ်ငွေ ၁၄၀၀၀ ကနေ ၂၅၀၀၀ အထိ ပေးရမယ်လို့ သိရပါတယ်။

အခုတော့ ဖမ်းမိသူ အားလုံးကို ဆိုင်းယော့ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကလည်း ဆိုင်ယော့ခရိုင်အတွင်းမှာ ထိုင်းမှာအလုပ်လုပ်ဖို့ လာတဲ့ မြန်မာ ၁၁ ဦးဟာ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်လာတဲ့အတွက် ဖမ်းမိခံခဲ့ရတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မူးယစ်ဆေးဝါးတွေမှောင်ခိုတင်သွင်းမှုကို တားဆီးဖို့အတွက်မြန်မာနဲ့ နယ်စပ်ကို လုံးဝ ပိတ်ပစ်ဖို့ စီစဉ်နေကြောင်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးကပြောတယ်လို့ Times of India သတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။