Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၈ဦးထက်မနည်းသေဆုံးဟု CDF ထုတ်ပြန်

အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်သည့် ညပိုင်း၌ပင် တိုက်လေယာဉ်ဖြင့် ၈ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(CDF မင်းတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(CDF မင်းတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

▪️စစ်ကောင်စီက လေကြောင်းပစ်ကူ ၈ကြိမ် လာရောက်သည့်အပြင် ညအချိန် ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ဟု ဖော်ပြ

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၁၈ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီ ၇ရက်က မင်းတပ်မြို့နယ် တိုက်နယ်(၁) ဖက်တွင် တစ်နေ့လုံးတိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီ ၁၀ရက် မင်းတပ်မြို့အနီး (၉)မိုင် ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်နယ်(၁) ဒေသတိုက်ပွဲသည် နံနက် ၇နာရီခွဲမှ ညနေ ၆နာရီခွဲခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့များဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

အဆိုပါတိုက်ပွဲတွင် မင်းတပ် CDF နှင့်အတူ ယောဒေသပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်သည့် ညပိုင်း၌ပင် တိုက်လေယာဉ်ဖြင့် ၈ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် မင်းတပ်မြို့အနီး(၉)မိုင်၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်း၊ CDFဘက်က အထိအခိုက်မရှိကြောင်း အသိပေးသည်။

ယမန်နေ့ (ဧပြီ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ် အမှတ်(၁)ရွာအနီး နှင့် ကျေးရွာထဲသို့ ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ပျက်စီးမှု ရှိသော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ပြည်သူလူထုကို ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ချင်းနှင့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။