Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်နယ် သာယာကုန်းရွာကို လေကြောင်း တိုက်ခိုက်၍ ရွာသားငါးဦး ထိခိုက်ဒဏ်ရာရ

ဗန်းမောက်နယ်တွင် ဒေသခံကာကွယ်ရေးတပ် (PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

(အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျက်လေယာဥ်တစ်စီးကို သပြေခက်ဖြင့် ပက်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - စကစ)
(အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျက်လေယာဥ်တစ်စီးကို သပြေခက်ဖြင့် ပက်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - စကစ)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် သာယာကုန်းကျေးရွာကို စစ်ကောင်စီက ယနေ့ နေ့လည်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသား ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း Banmauk Revolution က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၂ရက်) နေ့လည် ၁နာရီခွဲတွင် ဗန်းမောက်မြို့ အနောက်ဖက် ပင်ဟင်းခါးကျေးရွာအုပ်စု သာယာကုန်းရွာထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားရာ နေအိမ်အချို့ထိခိုက်ပျက်စီးပြီး ရွာသား ငါးဦး ဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဗန်းမောက်နယ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။

Public Service Announcement
Public Service Announcement

ဧပြီ ၈ရက်ကလည်း ဗန်းမောက်နယ် ကြောင်လည် ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး မတ်လ ၂၆ရက်ကလည်း ကြောင်လည်ရွာ၊ မတ်လ ၂၄ရက်တွင် နန့်နန့်ထွန်- ကျောက်ဆည်ရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်နယ်တွင် ဒေသခံကာကွယ်ရေးတပ် (PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီတပ်သည် ယခု ရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ ကျေးရွများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်များ ဖြစ်ပေါ်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။