Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်နယ် သာယာကုန်းရွာကို လေကြောင်း တိုက်ခိုက်၍ ရွာသားငါးဦး ထိခိုက်ဒဏ်ရာရ

ဗန်းမောက်နယ်တွင် ဒေသခံကာကွယ်ရေးတပ် (PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

(အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျက်လေယာဥ်တစ်စီးကို သပြေခက်ဖြင့် ပက်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - စကစ)
(အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျက်လေယာဥ်တစ်စီးကို သပြေခက်ဖြင့် ပက်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - စကစ)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် သာယာကုန်းကျေးရွာကို စစ်ကောင်စီက ယနေ့ နေ့လည်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသား ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း Banmauk Revolution က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၂ရက်) နေ့လည် ၁နာရီခွဲတွင် ဗန်းမောက်မြို့ အနောက်ဖက် ပင်ဟင်းခါးကျေးရွာအုပ်စု သာယာကုန်းရွာထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားရာ နေအိမ်အချို့ထိခိုက်ပျက်စီးပြီး ရွာသား ငါးဦး ဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဗန်းမောက်နယ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။

Public Service Announcement
Public Service Announcement

ဧပြီ ၈ရက်ကလည်း ဗန်းမောက်နယ် ကြောင်လည် ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး မတ်လ ၂၆ရက်ကလည်း ကြောင်လည်ရွာ၊ မတ်လ ၂၄ရက်တွင် နန့်နန့်ထွန်- ကျောက်ဆည်ရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်နယ်တွင် ဒေသခံကာကွယ်ရေးတပ် (PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီတပ်သည် ယခု ရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ ကျေးရွများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်များ ဖြစ်ပေါ်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

သတင်း

မြေပြင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဟုလည်း ဒေသခံများက ပြောသည်။

သတင်း

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကျောင်းတိုက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီနှင့် ပျူစောထီးစခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၆ရက် နံနက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ‌