Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ဖလမ်းကြားတိုက်ပွဲချင်းရဲဘော်များ၏စိတ်ဓာတ်နှင့် နယ်မြေကျွမ်းကျင်မှုကြောင့် စစ်ယာဉ်တန်းကိုတားဆီးနိုင်ခဲ့ဟု CNA ပြော

ဟားခါင်းစစ်ဗျူဟာသို့လာသည့် ယာဉ်အစီး ၃၀ပါ ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)များက တိုက်ခိုက်ခဲ့ရာ ယာဉ်အစီး ၃၀လုံးကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟုဆိုသည်။

(ယ​နေ့တိုက်ပွဲတွင် စစ်တပ်ယာဥ်တန်း နှင့် လမ်း​ဘေး​နေ အိမ်အချို့ မီး​လောင်​နေမှု/ ဧပြီ ၁၁ ရက်တွင်သိမ်းဆည်းနိုင်ခဲ့​​သော ယာဥ်တန်း/ CNO/CNF တပ်ဖွဲ့ဝင်များ ၊CDF မတူပီနှင့်CDF ဟားခါးတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-The Chin Journal ၊Chin Post ၊ CNO/CNF၊ CDF)

ချင်းပြည်နယ် ဖလမ်းမြို့နှင့် ဟားခါးမြို့အကြား၌ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို ဟားခါးစစ်ဗျူဟာသို့ မရောက်နိုင်အောင် တားဆီးနိုင်ခဲ့ခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာ အားကောင်းမှု နှင့် နယ်မြေကျွမ်းကျင်မှု ကြောင့်ဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဟားခါင်းစစ်ဗျူဟာသို့လာသည့် ယာဉ်အစီး ၃၀ပါ ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)များက တိုက်ခိုက်ခဲ့ရာ ယာဉ်အစီး ၃၀လုံးကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟုဆိုသည်။

“ယာဉ်တန်းက အစီး ၃၀လုံးလုံးကတော့ ဟားခါးဗျူဟာမရောက်အောင်တားဆီးနိုင်ခဲ့တယ်။ လက်နက်အရာမှာ သူတို့(စစ်ကောင်စီ)ဘက်က များပေမယ့် စိတ်ဓာတ်အရာနဲ့ နယ်မြေကျွမ်းကျင်မှုမှာ ကျနော်တို့ဘက်က အားသာတယ်ပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ချင်းပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုပစ်ခတ်တိုက်ခိုက်ခြင်းလုပ်ဆောင်ခဲ့ရာ ဧပြီး ၈ရက်မှ ၁၂ရက်နေ့အတွင်း ယာဉ် ၁၃စီးကို ရရှိခဲ့ပြီး ယနေ့တွင် ကျန်ယာဉ်များနှင့် တင့်ကား ၂စီးအနက် ၁စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် စစ်ကောင်စီတပ်က တိုက်ပွဲ၌ အထိနာတိုင်း ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးပြီး ဝမ်းနည်းစရာများ ကြုံခဲ့ကြရသည်ဟုဆိုသည်။

“ပြည်သူတွေကို စာနာပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချဖို့ဆိုတာ ကျနော်တို့ရဲ့ ဦးတည်ချက်ဖြစ်တယ်။ ပြည်သူတွေရဲ့ လိုလားချက်လည်းဖြစ်တဲ့အတွက် အတက်နိုင်ဆုံး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ဖြုတ်ချတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။” ဟု ဆလိုင်းထက်နီက စစ်ကောင်စီတပ်ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု အသိပေးသည်။

(ယ​နေ့တိုက်ပွဲတွင် စစ်တပ်ယာဥ်တန်း နှင့် လမ်း​ဘေး​နေ အိမ်အချို့ မီး​လောင်​နေမှု/ ဧပြီ ၁၁ ရက်တွင်သိမ်းဆည်းနိုင်ခဲ့​​သော ယာဥ်တန်း/ CNO/CNF တပ်ဖွဲ့ဝင်များ ၊CDF မတူပီနှင့်CDF ဟားခါးတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-The Chin Journal ၊Chin Post ၊ CNO/CNF၊ CDF)
(ယ​နေ့တိုက်ပွဲတွင် စစ်တပ်ယာဥ်တန်း နှင့် လမ်း​ဘေး​နေ အိမ်အချို့ မီး​လောင်​နေမှု/ ဧပြီ ၁၁ ရက်တွင်သိမ်းဆည်းနိုင်ခဲ့​​သော ယာဥ်တန်း/ CNO/CNF တပ်ဖွဲ့ဝင်များ ၊CDF မတူပီနှင့်CDF ဟားခါးတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-The Chin Journal ၊Chin Post ၊ CNO/CNF၊ CDF)

စစ်ကောင်စီ၏ ရိက္ခာပို့ယာဉ်တန်းသည် မတ်လ ၇ရက်တွင် စစ်ကိုင်းတိုင်း ကလေးမှ ဟားခါးစစ်ဗျူဟာသို့ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီးတွင် ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများစွာဖြင့် အထိနာခဲ့ရသည်။ ထို့ကြောင့် တစ်ရက် သာ ကြာမြင့်သည့် ခရီးကို တစ်လကျော်ကြာအထိ မရောက်နိုင်ဘဲဖြစ်နေသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ဟားခါးမြို့အဝင်ရှိကျေးရွာတစ်ရွာသို့ ရောက်ရှိနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။