Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် ပျူများ ရေကစားနေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ရာ ခုနစ်ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရဟုဆို

မတ်လ ၃၁ ရက်ကလည်း ကြွယ်ပုံရွာမှ ပျူနှင့်စစ်ကောင်စီတပ်သားများသ​ည် စစ်ကိုင်းမြို့ပေါ်မှစျေးဝယ်ပြန်လာသည့် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။

(မတ်လ ၃၁ ရက်က ကြွယ်ပုံရွာကပျူနှင့်စစ်သားများအား စစ်ကိုင်းမြို့မှစျေးဝယ်ပြန်လာစဥ် ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့စဥ်)
(မတ်လ ၃၁ ရက်က ကြွယ်ပုံရွာကပျူနှင့်စစ်သားများအား စစ်ကိုင်းမြို့မှစျေးဝယ်ပြန်လာစဥ် ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့စဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ ကြွယ်ပုံကျေးရွာတွင် ပျူများက အရက်သောက် ရေကစားနေစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၃ ရက်)သင်္ကြန်အကြိုနေ့ ညေန ၅ နာရီခန့်က ပျူစောထီးများ မူးယစ်သောက်စား ရေကစားနေစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ပြီး ပျူအုပ်အတွင်း တည့်တည့်ကျသွားကြောင်း၊ တိုက်ခိုက်မှုကြောင့် ခုနစ်ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိသွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ရွာမှာရှိတဲ့ စာသင်ကျောင်းရဲ့ တောင်ဘက်က ဘောလုံးကွင်းထဲမှာ ရေကစားမဏ္ဍပ်လုပ်ပြီး ပျူစောထီးတွေ မူးယစ်သောက်စား ရေကစားနေကြတာကို ဒရုန်းနဲ့ ဗုံးချသွားတာ။ ဒဏ်ရာရရှိသွားတဲ့ ပျူတွေကို ဆေးရုံပို့ဖို့အတွက်လည်း လမ်းပန်းအခြေအနေအရ အခက်တွေ့နေတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အဆိုပါဖြစ်စဥ်ကို မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ထိခိုက်သေဆုံးမှုများအား သီးခြားအတည်ပြု၍ မရသေးပေ။

Public Service Announcement

Public Service Announcement

“သူတို့ခံရတော့ မနေ့ညက ရွာနီးချုပ်စပ်ရွာတွေကိုလက်နက်ကြီးတွေနဲ့ရမ်းထုတော့တာပဲ။ အကုန် ပြေးနေရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၃၁ ရက်ကလည်း ကြွယ်ပုံရွာမှ ပျူနှင့်စစ်ကောင်စီတပ်သားများသ​ည် စစ်ကိုင်းမြို့ပေါ်မှစျေးဝယ်ပြန်လာသည့် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။

စစ်ကိုင်းမြို့ ကမ်းနားလမ်းတွင်လည်း စစ်ကောင်စီက သင်္ကြန်ရေကစားမဏ္ဍပ်ပြုလုပ်ကာ ဟန်ပြသင်္ကြန် ဖော်ဆောင်နေပြီး ပြည်သူများလာရောက်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook