Connect with us

Hi, what are you looking for?

သတင်း

အင်္ဂပူမြို့ စစ်​ကောင်စီ၏ဗဟိုမဏ္ဍပ်ဗုံး​ပေါက် ရဲအချို့ဒဏ်ရာရ

ယ​နေ့နံနက်အ​စောပိုင်း မဏ္ဍပ်သို့ပြည်သူများမ​ရောက်ခင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များသာရှိ​နေချိန်တွင် ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

အင်္ဂပူမြို့ စစ်​ကောင်စီ၏ဗဟိုမဏ္ဍပ်ဗုံး​ပေါက် ရဲအချို့ဒဏ်ရာရ
အင်္ဂပူမြို့ စစ်​ကောင်စီ၏ဗဟိုမဏ္ဍပ်ဗုံး​ပေါက် ရဲအချို့ဒဏ်ရာရ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ရှိသင်္ကြန်ဗဟိုမဏ္ဍပ်ယနေ့နံနက်ပိုင်းကဗုံး​ပေါက်ကွဲသဖြင့်စစ်ကောင်စီ၏ ရဲအချို့ ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။

အင်္ဂပူမြို့ ပညာရေးမှူးရုံးလမ်းဆုံရှိ သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယနေ့ (ဧပြီလ ၁၅ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

” ရဲအရာရှိတစ်ယောက် အပါအဝင် သုံးယောက် ထိတယ်ကြားတယ်။ ဆေးရုံကားတွေလာခေါ်သွားတယ်”ဟု အင်္ဂပူမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ယ​နေ့နံနက်အ​စောပိုင်း မဏ္ဍပ်သို့ပြည်သူများမ​ရောက်ခင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များသာရှိ​နေချိန်တွင် ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“သင်္ကြန်ကမနေ့ကလည်းလူမရှိပါဘူး။စစ်တပ်က‌တော့တောဘက်ကလူတွေ ခေါ်လာတယ်ကြားတယ်”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

အင်္ဂပူမြို့သည် ဟင်္သာတခရိုင်အတွင်းပါဝင်ပြီး အင်္ဂပူမြို့သင်္ကြန်ဗဟိုမဏ္ဍပ်ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအများအပြားတိုးမြှင့်ချထား​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook