Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ KIA/PDF နှင့် ရှမ်းနီSNA တိုက်ပွဲဖြစ်၊ SNA အထိနာဟု ဒေသခံပြော

အဆိုပါ ဒေသ၌ ယခင်ကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ SNA တပ်စခန်းအချို့ကို KIA/PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ ၌ ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ (SNA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆယ်ဇင်းဒေသခံက ပြောသည်။

ဧပြီ ၁၇ရက် နံနက် ၄နာရီခန့်တွင် ဆယ်ဇင်းဒေသ နံ့ကသာနှင့် ပန်ချယ်ကျေးရွာအကြား၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“မနေ့က ၁၇ရက်နေ့ ၄နာရီလောက်မှာ SNAနဲ့ KIA/PDFနဲ့ တိုက်ပွဲဖြစ်တယ်။ နံနက် ၁၀နာရီလောက် မှာ ပြီးသွားတယ်။ KIAနဲ့ PDF ဘက်က အထိအခိုက်မရှိပါဘူး။ SNA ဘက်ကတော့ ၄၀ကျော်လောက်ကျတယ်ကြားတယ်”ဟု ဒေသခံက ပြောသည်။ SNA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးအခြေအနေကို သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement
Public Service Announcement

အဆိုပါ ဒေသ၌ ယခင်ကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ SNA တပ်စခန်းအချို့ကို KIA/PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘာကြောင့်တိုက်ပွဲဖြစ်တာလဲဆိုတော့ သူတို့က အင်အားတိုးပြီး အရှေ့ကို တိုးခဲ့လို့ပေါ့။ ရှေ့တိုးတယ်ဆိုတာဒီဘက်က KIAနဲ့ PDFနယ်မြေကို ပြန်သိမ်းချင်တဲ့သဘောပေါ့။ သူတို့ လက်လွှတ် ထားရတဲ့နေရာကို ပြန်သိမ်းချင်လို့ တိုက်ပွဲက ဖြစ်ရတာပါ။ ပြောမယ်ဆို သူတို့ SNAကလည်း စစ်ကောင်စီနဲ့ အတူတူပဲလေ။ အတူတူပဲဖြစ်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံး အာဏာရှင်ကို တော်လှန်နေတဲ့အခါသူတို့ကိုပါ တော်လှန်ရမှာ။သူတို့လည်း စစ်ကောင်စီနဲ့ အတူတူပဲ”ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

သို့သော် ယနေ့ ဒေသအတွင်း၌ စစ်ရေးအခြေအနေ ငြိမ်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။