Connect with us

Hi, what are you looking for?

သတင်း

ရဲတံခွန်စီမံကိန်းမှာနှုတ်ထွက်​သောဂျပန် ENEOSကိုလူ့အခွင့်ရေးနှင့်သဘာဝပတ်ဝန်းထိခိုက်မှုများအတွက် လုပ်ဆောင်ပေးရန် JFMက တောင်းဆို

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို အထက်ပါနိုင်ငံတကာကုမ္ပဏီကများက နှုတ်ထွက်ပြီးနောက် ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum အဖွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Gulf Petroleum Myanmar မှ လွှဲပြောင်းရယူခဲ့သည်။

(ဂျပန်နိုင်ငံရှိ ENEOS ကုပ္မဏီရုံးချုပ်​ရှေ့တွင် ဂျပန်​ရောက်မြန်မာများကဆန္ဒပြ​တောင်းဆိုခဲ့စဥ်။ဓါတ်ပုံ-JFM)
(ဂျပန်နိုင်ငံရှိ ENEOS ကုပ္မဏီရုံးချုပ်​ရှေ့တွင် ဂျပန်​ရောက်မြန်မာများကဆန္ဒပြ​တောင်းဆိုခဲ့စဥ်။ဓါတ်ပုံ-JFM)

မြန်မာနိုင်ငံမှဂျပန်ကုမ္ပဏီ ENEOSထွက်ခွာမှုတွင်လူ့အခွင့်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြေရှင်းမည့် လုပ်ငန်းစဉ်ကိုထုတ်ပြန်ပေးရန် ဂျပန်အစိုးရနှင့် Mitsubishi ကော်ပိုရေးရှင်းတို့ ကို Justice For Myanmar (JFM) က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံရှိ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ENEOSနှုတ်ထွက်မှုကို စစ်ကောင်စီကဧပြီ ၁၂ ရက်အတည်ပြုပေးခဲ့ပြီဖြစ်ကြောင်းကုမ္ပဏီက ဧပြီ ၁၃ ရက်ကထုတ်ပြန်ကြေညာခဲ့သည်။

ထိုကြေညာချက်တွင် သတင်းအချက်အလက်အနည်းငယ်သာပါရှိပြီးစီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏လမ်းညွှန်အခြေခံမူများ၊ OECD လမ်းညွှန်ချက်များအရ စီးပွားရေး လုပ်ငန်းမှ တာဝန်ယူမှုရှိစွာနှုတ်ထွက်ရေးအတွက်ကုမ္ပဏီက လိုက်နာရမည့် တာဝန်ဝတ္တရားများကို ဖော်ပြထားမှုမရှိဟု JFMက ထောက်ပြထားသည်။

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို မလေးရှားကုမ္ပဏီက စစ်​ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ ထိုင်း PTTEPနှင့် Nippom Oil Exploration (Myanmar)တို့က အော်ပရေတာအဖြစ်ဆောင်ရွက်ခြင်းဖြစ်သည်။ Nippon Oil Exploration(Myanmar)သည် ENEOS၏ လုပ်ငန်းခွဲဖြစ်ပြီး ဂျပန်အစိုးရနှင့် Mitsubishi ကော်ပရေးရှင်းတို့ကလည်း ရင်းနှီးမြှပ်နှံထားသည်။စီမံကိန်းကို အထက်ပါကုမ္ပဏီများက ၂၀၃၀အထိ လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မလေးရှား ကုမ္ပဏီ Petronas ကုမ္ပဏီက ၂၀၂၂တွင်စီမံကိန်းမှာ နှုတ်ထွက်မည်ဟု ကြေညာခဲ့သော်လည်း တာဝန်ရှိစွာနှုတ်ထွက်ကြောင်း တစ်စုံတရာထုတ်ပြန်ခြင်းမရှိပေ။ Mekong Watch၊ FoE Japan နှင့် Justice For Myanmar တို့က ENEOSနှင့် မိတ်ဖက်များအနေဖြင့် ရင်းနှီးမြှပ်နှံမှုများ ရုတ်သိမ်းရာတွင် ပွင်းလင်းမြင်သာစွာဆောင်ရွက်ရန်တောင်းဆိုခဲ့သော်လည်း ကုမ္ပဏီဘက်က လျစ်လျူရှုခဲ့သည်ဟုဆိုသည်။

ENEOSအပါအဝင် နိုင်ငံတကာမိတ်ဖက်ကုမ္ပဏီများကို စီမံကိန်းမှ အခွန်ဝင်ငွေများ စစ်ကောင်စီထိန်းချုပ်မှုအောက်ကို မရောက်အောင်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့သည်ဟု JFMက​ထောက်ပြသည်။ သဘာဝဓာတ်ငွေ့စီမံကိန်းကို ပိတ်သိမ်းရာတွင်လည်း သင့်လျော်သောလုပ်ဆောင်ချက်များကိုလုပ်ကိုင်ခဲ့ခြင်းမရှိဟုလည်း JFMကဆိုသည်။

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို အထက်ပါနိုင်ငံတကာကုမ္ပဏီကများက နှုတ်ထွက်ပြီးနောက် ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum အဖွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Gulf Petroleum Myanmar မှ လွှဲပြောင်းရယူခဲ့သည်။

ထိုလွှဲပြောင်းရယူမှုအရသဘာဝပတ်ဝန်းကျင်နှင့် လူမှုပါတ်ဝန်းကျင် အပေါ် ဆိုးကျိုးများကို ရှာဖွေသတ်မှတ်ရန်၊ ကာကွယ်ရန်၊ လျှော့ချရန်နှင့် ပြန်လည်ကုစားရန်အတွက် လုံလောက်သော လုပ်ဆောင်ချက်များကိုENEOS၊ ဂျပန်အစိုးရနှင့် Mitsubishi Corporation တို့ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းလည်း JFMက​ဖော်ပြထားသည်။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း လူ့အခွင့်အ​ရေးနှင့် ဒီမိုက​ရေစီကို​လေစားတန်ဖိုးထား​သော ၊အ​မေရီကန်နှင့် အ​နောက်နိုင်ငံများ၏ စီးပွား​ရေးဒဏ်ခပ်ပိတ် ဆို့မှုအ​ပေါ် စိုးရိမ်​သောကုမ္ပဏီများ ဆက်တိုက်နှတ်ထွက်လျှက်ရှိသည်။ ဗြိတိန်သည်စစ်​ကောင်စီ၏ MOGE ကို ပိတ်ဆို့အ​ရေးယူထားသလို ၊အ​မေရီကန်ကလည်း MOGE ကို ဒဏ်ခပ်ပိန်ဆနု့အ​ရေးယူရန် ပြည်သူများအပါအဝင် ​တော်လှန်​ရေးအင်အားစုများက​တောင်းဆို​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း