Connect with us

Hi, what are you looking for?

သတင်း

KNUပူးပေါင်းတပ်ဖွဲ့ နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်နှင့် ခဲယမ်းများရဟု ကော်ဘရာ အသိပေး

ဧပြီ ၁၈ရက် က မဲကနယ်ရွာ ကျောက်မိုင်းဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်က ၄ဦးသေ၊ ၅ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဧပြီ ၁၉ရက်တိုက်ပွဲတွင်လည်း ရန်သူ့ဘက်က ၂၀ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာက ထုတ်ပြန်ထားသည်။

(သိမ်းဆည်းရမိသော လက်နက်နှင့် ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာ)
(သိမ်းဆည်းရမိသော လက်နက်နှင့် ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာ)

စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိဟု ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းရေး ယနေ့ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက် ၂လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တပ်မဟာ(၆) KNU/ KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ ပူးပေါင်းတပ်ဖွဲ့တို့မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ MA1 (၁)လက်၊ MA2 (၁)လက်၊ MAကျည်ဘောက် (၃)ဘောက်၊ MA2ကျည်ဘောက်အဝိုင်း (၁)ဘောက်၊ 40mmအသီး (၆)လုံး၊ 60mm (၆)လုံး၊ RPG (၁)လုံး၊ နင်းမိုင်း (၄)လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ဧပြီ ၂၀ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ စိုးမိုးနယ်မြေအား အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး လေကြောင်းပစ်ကူ ဖြင့် (၃)ကြိမ်ထက်မနည်း ပစ်ခတ်ပြီး ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း၊ ရန်သူဘက်မှ လက်နက်ကြီး၊ လေကြောင်းတို့ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မိမိတို့ပူးပေါင်းတပ်ဖွဲ့မှာ ထိခိုက်မှုမရှိကြောင်း ကော်ဘရာက ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြ၀တီမြို့နယ် မဲကနယ်ဒေသ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်အချို့ ကျဆုံးကာ ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်ဟု ကော်ဘရာက ယမန်နေ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၈ရက် က မဲကနယ်ရွာ ကျောက်မိုင်းဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်က ၄ဦးသေ၊ ၅ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဧပြီ ၁၉ရက်တိုက်ပွဲတွင်လည်း ရန်သူ့ဘက်က ၂၀ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။