Connect with us

Hi, what are you looking for?

သတင်း

လွိုင်​ကော်လမ်းမ​​ကြီးပေါ်တွင်စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရ​သေဆုံးမှုများ

ယနေ့(ဧပြီလ ၂၁ ရက်) နံနက် ၂ နာရီအချိန်တွင် လွိုင်ကော်- မိုးဗြဲကားလမ်းမပေါ်၌ စစ်ကောင်စီယာဥ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B – 03 နှင့် ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)
(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)

မိုးဗြဲ – လွိုင်ကော်လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး သေဆုံးသူများ ပြားကြောင်ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) ဗဟို သတင်းနှင့် ပြန်ကြားရေး KnICက ယနေ့ ထုတ် ပြန်သည်။

ယနေ့(ဧပြီလ ၂၁ ရက်) နံနက် ၂ နာရီအချိန်တွင် လွိုင်ကော်- မိုးဗြဲကားလမ်းမပေါ်၌ စစ်ကောင်စီယာဥ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B – 03 နှင့် ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

“သတင်းကောင်းတွေရှိတယ်ပဲ ပြောနိုင်တယ်။ရဲဘော်တွေဘက်က အထိအခိုက်မရှိခဲ့ဘူး”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၁ ရက်)နံနက်ပိုင်းကစ၍ လက်နက်ကြီးများဖြင့် လွိုင်ကော် ဒေသတွင်း ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)
(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)

“မနက် ကတည်းက တောက်လျှောက်လက်နက်ကြီးနဲ့ ပစ်နေတာ။၉နာရီကျော်လောက်အထိ အတိုင်းသား ကြားနေရတုန်း”ဟု လွိုင်ကော် ဒေသခံတစ်ဦးက ပြောသည်။

အလားတူမိုးဗြဲ မြို့ ညောင်ဝိုင်းရပ်ကွက်တွင်လည်းစစ်ကောင်စီတပ်က လုံခြုံရေးအင်အားအများအ ပြား ချထားပြီး အဝင်အထွက် ပိတ်ဆို့နေသည်ဟုသိရသည်။

“တိုင်ပွဲအရှိန်ကြောင့်လို့ပဲ ပြောရမယ်။ညောင်ဝိုင်း ဘက်ကို အခုမနက် အစောကတည်းက ပိတ်ထားတယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

Public Service Announcement
Public Service Announcement

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့်ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းအားလွိုင်ကော်မြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှ စစ်မျက်နှာစာနှစ်ဖက်ညှပ်၍ အပြင်းအထန် ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။