Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်လယ်မှာ အိန္ဒိယဟာ တရုတ်ကို ကျော်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ကုလသမဂ္ဂပြော

လူဦးရေ ပမာဏမှာ အိန္ဒိယရဲ့ ကျော်တက်မှုကို ခံခဲ့ရပေမယ့် တရုတ် အစိုးရကတော့ ဒါဟာ ကြီးမားတဲ့ ပြဿနာ တစ်ခုမဟုတ်ကြောင်း ပြောကြားထားပြီး နိုင်ငံတစ်ခုရဲ့ တိုးတက်မှုဟာ လူဦးရေထက် နိုင်ငံသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးပေါ်မှာသာ အဓိက တည်မှီတယ်လို့ ပြောကြားထားပါတယ်။

နှစ်လယ်မှာ အိန္ဒိယဟာ တရုတ်ကို ကျော်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ကုလသမဂ္ဂပြော
နှစ်လယ်မှာ အိန္ဒိယဟာ တရုတ်ကို ကျော်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ကုလသမဂ္ဂပြော

အခုနှစ်လယ်မှာ အိန္ဒိယဟာ တရုတ်ကို ကျော်တက်ပြီး ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံအဖြစ် တရားဝင် ရပ်တည်လာမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လလောက်ကျရင် အိန္ဒိယရဲ့ လူဦးရေဟာ တရုတ်ထက် ၃ သန်းလောက် ပိုများလာလိမ့်မယ်လို့ ကုလသမဂ္ဂက ကောက်ယူထားတဲ့ စစ်တမ်းတွေကို အခြေပြုပြီး ဧပြီ ၁၉ ရက်မှာ မှတ်ချက် ပေးခဲ့ပါတယ်။ ခန့်မှန်း ကိန်းဂဏန်းတွေအရ အခုနှစ်လယ်မှာ တရုတ်ရဲ့ လူဦးရေက ၁.၄၂၅၇ ဘီလီယံ ရှိချိန်မှာ အိန္ဒိယက လူဦးရေ ၁.၄၂၈၆ ဘီလီယံထိ ရောက်ရှိလာမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရဲ့ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)က တရုတ်ရဲ့ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံအဖြစ် ကာလရှည်ကြာ ရပ်တည်မှုဟာ ၂၀၂၃ ခုနှစ်မှာ ဆုံးခန်းတိုင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ လေ့လာသူ တချို့ကတော့ တကယ်တမ်းမှာ အိန္ဒိယရဲ့ လူဦးရေဟာ တရုတ်ကို ကျော်တက်နှင့်ပြီး ဖြစ်နိုင်တယ်လို့တောင် သုံးသပ်ထားကြပါတယ်။ အိန္ဒိယရဲ့ မွေးစာရင်း ကောက်ယူမှုတွေက တိကျမှု မရှိတာကြောင့် စာရင်းမတွက်ထားတဲ့ လူဦးရေ သန်းနဲ့ချီ များပြားနိုင်တာကြောင့်ပါ။

Public Service Announcement

Public Service Announcement

တရုတ်ကတော့ ဆယ်စုနှစ်ပေါင်း အတော်များများအတွင်း ပထမဆုံး အကြိမ်အဖြစ် ၂၀၂၂ ခုနှစ်မှာ လူဦးရေ တိုးနှုန်းက အနုတ်လက္ခဏာ ပြသခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံပေါင်း လူဦးရေဟာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံဝန်းကျင်လောက်ထိ များပြားနေမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ လူဦးရေ သန်းပေါင်း ၃၄၀ နဲ့ အဲဒီ နှစ်နိုင်ငံနောက် အတော်လှမ်းလှမ်း တတိယ နေရာမှာ ရှိနေပါတယ်။

လူဦးရေ ပမာဏမှာ အိန္ဒိယရဲ့ ကျော်တက်မှုကို ခံခဲ့ရပေမယ့် တရုတ် အစိုးရကတော့ ဒါဟာ ကြီးမားတဲ့ ပြဿနာ တစ်ခုမဟုတ်ကြောင်း ပြောကြားထားပြီး နိုင်ငံတစ်ခုရဲ့ တိုးတက်မှုဟာ လူဦးရေထက် နိုင်ငံသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးပေါ်မှာသာ အဓိက တည်မှီတယ်လို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ အိန္ဒိယမှာ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်း လူဦးရေ အချိုးအစားက တရုတ်ထက် ပိုများနေပြီး ၂၀၂၁ ခုနှစ် စာရင်းတွေအရ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်မှာ ရှိနေသူ သန်း ၉၀၀ ကျော်ထိ ရှိနေတယ်လို့ သိရပါတယ်။ တရုတ်မှာ မိသားစုအလိုက် ကလေးယူတဲ့ အရေအတွက်ကို ကန့်သတ်တာ၊ သားယောက်ျားလေးကို ပိုလိုချင်တာစတဲ့ အခြေခံ အကြောင်းတရားတွေကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လူဦးရေ တိုးနှုန်းက သိသိသာသာ အရှိန်လျော့ခဲ့ပြီး အနုတ်လက္ခဏာ ပြတဲ့ အဆင့်ထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”