Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထု-မင်းတပ်လမ်းတွင်စစ်တပ်တိုက်ခိုက်ခံရပြီး ၇ဦးသေဟုCDFကန်ပက်လက်​ပြော

စစ်ကောင်စီတပ်သည် ကျောက်ထုအမြောက်တပ်မှ ဧပြီ ၂၃ ရက်​နေ့ကထွက်လာပြီး ကျောက်ထု-မင်းတပ်လမ်းတနေရာတွင် ဧပြီ ၂၃ ရက်​နေ့မှာပင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(စစ်တပ်ထံသိမ်းဆည်းရရှိ​သော ကျည်နှင့်ခဲယမ်းအချို့ ။ ဓါတ်ပုံ-CDF ကန်ပက်လက်)
(စစ်တပ်ထံသိမ်းဆည်းရရှိ​သော ကျည်နှင့်ခဲယမ်းအချို့ ။ ဓါတ်ပုံ-CDF ကန်ပက်လက်)

ကျောက်ထုအမြောက်တပ်မှ ကျောက်ထုမြို့အတွင်း နယ်မြေရှင်းလင်းရေးထွက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့ ၃ဖွဲ့က ဆီးကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးသေဆုံးခဲ့ကြောင်း ချင်းပြည်နယ်ကာကွယ်ရေးတပ်(CDF-ကန်ပက်လက်)မှတာဝန်ရှိသူက​ပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်ထုအမြောက်တပ်မှ ဧပြီ ၂၃ ရက်​နေ့ကထွက်လာပြီး ကျောက်ထု-မင်းတပ်လမ်းတနေရာတွင် ဧပြီ ၂၃ ရက်​နေ့မှာပင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျောက်ထုအမြောက်တပ်က စစ်ကောင်စီတပ်သားတွေကကျောက်ထုမြိုတစ်ဝိုက်ကို တစ်လတစ်ခါလောက်၊ တခါတလေ တစ်လ နှစ်ခါလောက်နယ်မြေရှင်းလင်းရေးလုပ်တတ်ကြတယ်။ဒီတစ်ကြိမ်လည်း သူတိုထွက်လာတာ ကျနော်တိုဘက်က သတင်းကြိုတင်ရထားခဲ့တယ်”ဟု CDF-ကန်ပက်လက်တာဝန်ရှိသူကပြောသည်။

(စစ်တပ်ထံသိမ်းဆည်းရရှိ​သော ကျည်နှင့်ခဲယမ်းအချို့ ။ ဓါတ်ပုံ-CDF ကန်ပက်လက်)
(စစ်တပ်ထံသိမ်းဆည်းရရှိ​သော ကျည်နှင့်ခဲယမ်းအချို့ ။ ဓါတ်ပုံ-CDF ကန်ပက်လက်)

သတင်းကြိုရခြင်းကြောင့် CDF(မင်းတပ်)၊ CDF(ကန်ပက်လက်)နှင့် The Youth Force (ဆောနှင့်ကျောက်ထု)အဖွဲ့တို့က ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည်ဧပြီ ၂၃ ရက်ညနေ ၄နာရီမှ ၅နာရီအထိ တစ်နာရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ဦးသေဆုံးပြီး CDF(မင်းတပ်) ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်ထံမှာ ၆၀ မမ ဗုံးသီးတစ်လုံး၊ ၄၀ မမ ဗုံးသီးတစ်လုံးနှင့် MA ကျည်ဘောက်စ် ၂ခု သိမ်းဆည်းရမိသည်ဟုလည်းCDF-ကန်ပက်လက်ထုတ်ပြန်ထားသည်။

စစ်​ကောင်စီတပ်သားများ​သေဆုံးမှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“နယ်မြေအခြေနေကတော့ ဆောမြိုနယ်ထဲဖြစ်တယ်။ကျောက်ထုအမြောက်တပ်နဲ့ ၈ မိုင်ကျော်ကျော်လေးပဲရှိတယ်။စစ်ရေးအခြေနေအရတော့ သူတိုဘက်က ထွက်လာတယ်။ ထွက်လာတိုင်းလည်း ပြည်သူတွေရဲ့ ပစ္စည်းတွေခိုးတယ် စစ်ဘေးရှောင်တွေ ဖမ်းချင်တိုင်းဖမ်းတာတွေရှိတယ်။” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ပြည်သူများအ​ပေါ် အကြမ်းဖက်လုယက်မှုများကြောင့် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သက်ဆိုင်ရာကာကွယ်​ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကိုလေးစားလိုက်နာ​ပေးရန်လည်း ၎င်းကတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။