Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ပေါ်တွင် ယနေ့ တိုက်ပွဲဖြစ်၊ စစ်ဆေးမှုတင်းကြပ်နိုင်၍ ဂရုစိုက်ရန် သတိပေး

တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ ဗုံးသီးအချို့နှင့် လက်နက်ငယ် ကျည်ဘောက်အချို့သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

(မင်းတပ် CDFမှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ် CDFမှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF-Mindat)

▪️မင်းတပ် – ကျောက်ထုလမ်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မင်းတပ်ဒေသခံ သတင်းရင်းမြစ်က အသိပေးထားသည်။

မင်းတပ်မြို့ပေါ် တစ်နေရာတွင် ယနေ့နံနက် ၇နာရီခန့်က ထိတွေ့မှုဖြစ်ခဲ့၍ ဂိတ်များ၊ မြို့အတွင်းနှင့် မြို့ပတ်ဝန်းကျင်တို့တွင် စစ်ဆေးမှုတင်းကြပ်နိုင်၍ ဂရုစိုက်သွားလာကြရန် ၎င်းက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) တာဝန်ရှိသူတစ်ဦးက မင်းတပ်မြို့ပေါ်တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုပြီး အသေးစိတ် သတင်းအချက်အလက်များမရသေးဟု ပြောသည်။

မင်းတပ် CDFအနေဖြင့် မြို့နယ်အတွင်းသာမက နယ်မြေချင်းစပ်ဆက်နေသည့် ဒေသများ၌လည်း စစ်ကောင်စီတပ်ကို အခြား တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၃ရက်ကလည်း မင်းတပ် -ကျောက်ထုလမ်းတစ်နေရာတွင် စစ်ကောင်စီတပ်ကို မင်းတပ် CDF ၊ ကန်ပက်လက် CDFနှင့် ဆော-ကျောက်ထု ဒေသ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား ၇ဦးသေဆုံးခဲ့ကြောင်း ကန်ပလက် CDF က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲ၌ ကန်ပက်လက် CDFရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ ဗုံးသီးအချို့နှင့် လက်နက်ငယ် ကျည်ဘောက်အချို့သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။