Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး အသတ်ခံရ

မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်၊ နမ့်ခမ်းပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်အပါအဝင် ပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ထက်မနည်း ရှိနေသည်။

မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)
မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

မူဆယ်မြို့ရှိ လုံထန်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ယနေ့ (ဧပြီ ၂၇ရက်) နံနက် ၈နာရီခန့်တွင်

လက်ဖက်ရည်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြော သည်။

“လုံထန်ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရတာ။ သေနတ်နဲ့ ဆိုင်ထဲဝင်ပစ်သွားတာ။ ဆေးရုံးခေါ်သွားသေးတယ်။ လမ်းတင် သေသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူသည် အသက် (၃၅)နှစ်အရွယ်ခန့်ရှိသည်ဟု သိရသည်။

Public Service Announcement

ပြည်သူ့စစ်တပ်ဖွဲ့များသည် စစ်ကောင်စီက ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများတွင် ဦးဆောင်ပါဝင်နေသည်ဟု မြို့ခံများက ပြောသည်။

မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်၊ နမ့်ခမ်းပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်အပါအဝင် ပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ထက်မနည်း ရှိနေသည်။

မူဆယ်မြို့တွင် မတ်လ ၃၁ရက်ကလည်း သိန်းသန်းချီကားဝင်းအတွင်း ဂိတ်စောင့်နေသော ပြည်သူ့စစ်အဖွဲ့ကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်သတ်ပြီး သေနတ်ကိုပါ ယူသွားဆောင်သွားမှုဖြစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook