Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် ရိက္ခာထွက်ရှာသည့် စစ်ကောင်စီတပ်နှင့်ပျူများ မိုင်းထိ

စစ်အုပ်စုသ​ည် မိုင်းထိသူများအား သယ်ဆောင်ကာ အလယ်ကျွန်းရွာသို့ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း ရဲဘော်အချို့က ပြောသည်။

(ကျောက်လုံးကြီး KLG PDFအဖွဲ့၏ စစ်ဆင်ရေးများတွင် အသုံးပြုသောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KLG PDF)
(ကျောက်လုံးကြီး KLG PDFအဖွဲ့၏ စစ်ဆင်ရေးများတွင် အသုံးပြုသောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KLG PDF)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ရိက္ခာပြတ်၍ ထွက်ရှာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများမိုင်းထိပြီး တစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ AT က ပြောကြားသည်။

ယမန်နေ့ (ဧပြီ၂၇ ရက်) ညနေ ၆ နာရီခန့်ကကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးကျေးရွာမှ သရက်တောကျေးရွာဘက်သို့ အင်အား ၁၀ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားနှင့်ပျူများအား သရက်တောကျေးရွာသို့ မရောက်မီ KLG PDF ကျောက်လုံးကြီးအဖွဲ့ ထောင်ထားသော တိုက်မိုင်း တစ်လုံးထိခဲ့သည်။

အဆိုပါ မိုင်းကွဲမှုကြောင့် အလယ်ကျွန်းရွာမှ ပျူတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း AT က ပြောသည်။

“အလယ်ကျွန်းပျူရွာမှာ စစ်သားနဲ့ ပျူရယ်၊ ရဲစုစုပေါင်း ၁၀၀ဝန်းကျင်ရှိတယ်။ ရိက္ခာမရှိတော့လို့ သရက်တောရွာဘက် ထွက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူဖို့ထွက်လာရင်း အခုလို မိုင်းမိပြီးသေတာ”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုသ​ည် မိုင်းထိသူများအား သယ်ဆောင်ကာ အလယ်ကျွန်းရွာသို့ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း ရဲဘော်အချို့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ထောက်ခံသော ပျူရွာများအား ဒေသတွင်းကာကွယ် ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီတပ်က ကာကွယ်မပေးနိုင်၍ ပျူရွာများရိက္ခာအတွက် ခက်ခဲနေသည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။