Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး​လေးဦးအား ဖမ်းဆီးရမိဟု NUG ပြည်ထဲရေး အသိပေး

တရားခံများအား ဖမ်းဆီးရမိရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

(ပဇီကြီးရွာ ​လေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ ​လေးဦးကို NUG ကထုတ်ပြန်ထားမှု ။ဓါတ်ပုံ-NUG)
(ပဇီကြီးရွာ ​လေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ ​လေးဦးကို NUG ကထုတ်ပြန်ထားမှု ။ဓါတ်ပုံ-NUG)

▪︎မင်းအောင်လှိုင်၊ လေချုပ်၊ လေယာဉ်မောင်း၊ ရဟတ်ယာဉ်မောင်း ​ပေါင်း ၆ ဦးနှင့်သတင်းပေးပျူခေါင်းဆောင်ဥူးဝါသဝ ပါ (၂) ဦးတို့ကိုပါအကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့်အမှုဖွင့်ထား၊ ၎င်းတို့ကိုဖမ်းဝရမ်းထုတ်ထားဟုNUG​ပြော

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး တရားခံ များအား ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကယနေ့ထုတ်ပြန်သည်။

စစ်​ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် သတင်းပေးပို့ခဲ့သော စကစ သတင်းပေး တရားခံများဖြစ်သည့် အသက် ၅၃ နှစ်အရွယ် သိန်းရွှေ၊ အသက် ၆၁ နှစ်အရွယ် ဦးချို၊ အသက် ၃၆နှစ်အရွယ် ဖော်မင်း၊ အသက် ၃၀ အရွယ် ယဉ်ယဉ်ဝင်းတို့အား ဖမ်းဆီးရမိထားပြီး ၎င်းတို့အား စစ်ဆေးချက်အရ ပျူခေါင်းဆောင် ဥူးဝါသ၀ နှင့် စစ်ကောင်စီ သတင်းပေး ဒေါ်နွဲ့ယဉ်တို့လည်း ပါဝင်သည်ဟု​ဖော်ပြထားသည်။

(ပဇီကြီးရွာ ​လေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ ​လေးဦးကို NUG ကထုတ်ပြန်ထားမှု ။ဓါတ်ပုံ-NUG)
(ပဇီကြီးရွာ ​လေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ ​လေးဦးကို NUG ကထုတ်ပြန်ထားမှု ။ဓါတ်ပုံ-NUG)

တရားခံများအား ဖမ်းဆီးရမိရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အဆိုပါလေးဦးအား ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ယင်းအမှုအား ခိုင်မာစွာတည်ဆောက်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“အခုဖမ်းဆီးရမိတဲ့ (၄) ဦးအပြင် မင်းအောင်လှိုင်၊ လေတပ်စစ်ဦးစီးချုပ်၊ လေယာဉ်မောင်းသူများ၊ ရဟတ်ယာဉ်မောင်းသူ စတဲ့ (၆) ဦး၊ သတင်းပေး အကြမ်းဖက် ပျူခေါင်းဆောင်ဥူးဝါသဝ အပါအဝင် (၂) ဦး တို့ကိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၄) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ ကျန်ရှိတဲ့ ဝရမ်းပြေး (၈) ဦးတို့ကိုလဲ ဝရမ်းပြေးအဖြစ် ထုတ်ပြန်ပြီး ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုအမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ၊​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ် က​ပြောသည်။

(ပဇီကြီးရွာ ​လေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ ​လေးဦးကို NUG ကထုတ်ပြန်ထားမှု ။ဓါတ်ပုံ-NUG)
(ပဇီကြီးရွာ ​လေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ ​လေးဦးကို NUG ကထုတ်ပြန်ထားမှု ။ဓါတ်ပုံ-NUG)

ပျူ​စောထီးခေါင်းဆောင်ဥူးဝါသဝနှင့် စကစ သတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့ (၂) ဦးအားလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၃/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် လည်းကောင်း၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ အပါအဝင် တရားခံ (၆) ဦးတို့အား ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အမှုဖွင့်ဆောင်ရွက်ထားကြောင်း ဖော်ပြထားသည်။

“ဘယ်လို စီရင်မလဲဆိုတာကတော့ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ပဲ ဆောင်ရွက်သွားမှာပါ”ဟု ဦး​နေဘုန်းလတ်က ဆက်​ပြောသည်။

ဧပြီ ၁၁ရက်က ပဇီကြီးရွာတွင် အရပ်သားများဖြင့် အခြေပြုဖွဲ့စည်းထားသော ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒေသတွင်း ကျေးရွာများမှ ရွာသူရွာသားများကို ဖိတ်ကြား၍ ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေစဉ်၊ အကြမ်းဖက်အာကာသိမ်း ဖက်ဆစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံလေတပ်မှ Yark-130 တိုက်လေယာဉ်နှင့် MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အရပ်သားပြည်သူများအား ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များ ရော့ကတ်များဖြင့်ပစ်ခတ်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။

(ပဇီကြီးရွာ ​လေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ ​လေးဦးကို NUG ကထုတ်ပြန်ထားမှု ။ဓါတ်ပုံ-NUG)
(ပဇီကြီးရွာ ​လေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ ​လေးဦးကို NUG ကထုတ်ပြန်ထားမှု ။ဓါတ်ပုံ-NUG)

ယင်းလေကြောင်းတိုက်ခိုက်မှုတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ(၁၆၈)ဦးသေဆုံးပြီး ၊ ပြည်သူ ၁၆ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့​ကြောင်း NUG ကထုတ်ပြန်ထားသည်။

▪︎မှတ်ချက်-သတင်းကို ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင်ထပ်မံဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook