Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ပိတ်ဆို့အရေးယူရန် ဂျပန်အစိုးရအား ကုလအစီရင်ခံစာတင်သွင်းသူ တိုက်တွန်း

မြန်မာစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ဖိနှိပ်မှုများကိုလည်း အဆိုပါ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူက ပြင်းထန်စွာဝေဖန်သည်။

(ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ကိုဂျပန်နိုင်ငံ ၊တိုကျိုမြို့ရှိ FCCJ တွင် ​သောကြာ​နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်။ ကိုးကား/ဓါတ်ပုံ - AFP )
(ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ကိုဂျပန်နိုင်ငံ ၊တိုကျိုမြို့ရှိ FCCJ တွင် ​သောကြာ​နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်။ ကိုးကား/ဓါတ်ပုံ - AFP )

▪︎မြန်မာပြည်သူများအပေါ် နိုင်ငံတကာအသိုင်းအဝန်း တာ၀န်ပျက်ကွက်နေဟု ဝေဖန်

ဂျပန်အစိုးရသည် ယူကရိန်းကျူးကျော်စစ်နှင့်ပတ်သက်၍ ရုရှားကို ဒဏ်ခတ်အရေးယူသကဲ့သို့ မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူသင့်ကြောင်း ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က တိုက်တွန်းသည်။

မြန်မာစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ဖိနှိပ်မှုများကိုလည်း အဆိုပါ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူက ပြင်းထန်စွာဝေဖန်သည်။

မြန်မာစစ်ကောင်စီတပ်သားများကို လေ့ကျင့်ပေးရေးအစီအစဥ်ကို ချက်ချင်းရပ်တန့်ရန် ၎င်းက တိုက်တွန်းခဲ့ပြီး ယင်းလုပ်ဆောင်မှုသည် ဂျပန်စစ်တပ်၏ပုံရိပ်ကို ထိခိုက်စေသည်ဟုသတိပေးသည်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက ကြောက်မက်ဖွယ်ဖြစ်ပြီး ပိုမိုဆိုးရွားလာပါတယ်” ဟု Tom Andrews က ဂျပန်ခရီးစဥ်နောက်ဆုံးရက်တွင် သတင်းထောက်များကို ပြောသည်။ ၎င်း၏ တိုကျိုခရီးစဥ်အတွင်း ဂျပန်အစိုးရတာ၀န်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

“ဂျပန်အနေနဲ့ အခြားသော G7 နိုင်ငံတွေနဲ့အတူ မြန်မာစစ်တပ်နဲ့ ၎င်းရဲ့ အရေးပါတဲ့ ဝင်ငွေရလမ်းရင်းမြစ်တွေကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရေးမှာ ပူးပေါင်းပါဝင်ဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ယူကရိန်းအရေးမှာ ဂျပန်တုန့်ပြန်ဆောင်ရွက်ခဲ့သလို လုပ်ဆောင်ရုံပါပဲ”ဟု၎င်းကပြောသည်။

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာပြည်သူများကို တိုက်ခိုက်ရန် စစ်တပ်၏စွမ်းရည်ကို အားနည်းစေမည်ဟု Tom က ဖြည့်စွက်ပြောသည်။

ဂျပန်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့အကူအညီပေးရေးများစီမံကိန်းကို ရပ်တန့်ခဲ့သော်လည်း ရှိနေပြီးသောပရောဂျက်များကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာပြည်သူများအပေါ် တာဝန်ယူမှုပျက်ကွက်နေဆဲဖြစ်ကြောင်း Tom Andrews က ပြောသည်။

(ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ကိုဂျပန်နိုင်ငံ ၊တိုကျိုမြို့ရှိ FCCJ တွင် ​သောကြာ​နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်။ ကိုးကား/ဓါတ်ပုံ – AFP )

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။