Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်တွင်ပျူစခန်းများကိုPDFများ နှစ်ရက်ဆက်တိုက်ခိုက်

ထို့အပြင်ယနေ့( ဧပြီလ ၂၉ ရက်)နံနက်၅နာရီခန့်တွင်လည်းဟုမ္မလင်းနှင့်ဖောင်းပြင်နယ်စပ်ရှိ ပျူစောထီးများ တပ်စွဲထားသော စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကထပ်မံ တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဖောင်းပြင်တွင်ပျူစခန်းများကိုPDFများ နှစ်ရက်ဆက်တိုက်ခိုက်
ဖောင်းပြင်တွင်ပျူစခန်းများကိုPDFများ နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်‌ရေးမဟာမိတ်တပ်ဖွဲ့က နှစ်ရက်ဆက်တိုက်ခိုက်ခဲ့​ကြောင်း ​​​ဒေသခံနှင့် ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်ပျူစောထီး (၇) ဦးထက်မနည်းသေပြီး စစ်ကောင်စီကလေကြောင်းမှလာရောက်ပစ်ခတ်ခဲ့ကြောင်း​သိရသည်။

ဖောင်းပြင်မြို့နယ် ၊ဆယ်ချောင်းရွာရှိ ပျူစောထီး စခန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ပူးပေါင်းမဟာမိတ်များက ယမန်​နေ့(ဧပြီ ၂၈ရက် )နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက​ပြောသည်။တိုက်ပွဲတွင် ပျူစောထီး ခုနှစ် ဦးထက်မနည်းသေဆုံးပြီး သေနတ် ငါးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပျူ​စောထီးများ​သေဆုံးမှု အ​​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင်ယနေ့( ဧပြီလ ၂၉ ရက်)နံနက်၅နာရီခန့်တွင်လည်းဟုမ္မလင်းနှင့်ဖောင်းပြင်နယ်စပ်ရှိ ပျူစောထီးများ တပ်စွဲထားသော စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကထပ်မံ တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။

“မြေပြင်တိုက်ပွဲပြင်းထန်တယ်။မနက် ၈နာရီ ၇ မိနစ်မှာ တံတားဦးလေဆိပ်ကနေ ဂျက်ဖိုက်တာတက်ပြီး ၈ နာရီ ၂၇ မိနစ်မှာ ဖောင်းပြင်မြစ်ကမ်းဘေးကို ဗုံးကြဲသွားတယ်”ဟု ‌ဖောင်းပြင်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ယနေ့တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူမသိရသေး‌ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။