Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် အရပ်သားလူငယ် တစ်ဦးကို စစ်ကောင်စီ ပစ်သတ်

သေဆုံးသူမှာ အရပ်သားလူငယ်ဖြစ်ပြီး သေနတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်ကို လူမှုကွန်ရက်၌ ပျံ့နှံ့လာသော ဓာတ်ပုံများတွင် တွေ့ရသည်။ ယနေ့(မေလ ၁ရက်) နံနက် ၃နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်သတ်လိုက်ခြင်းဟု ဒေသခံများက ပြောသည်။

(ဖားကန့်မြို့တွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေ ရဲများအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဖားကန့်မြို့တွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေ ရဲများအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် တံတားထိပ်တွင် အရက်သားလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်သွားကြောင်းဒေသခံများက ပြောသည်။

“မရှီကထောင်တံတားထိပ်နားက အေဒင်လဖက်ရည်ဆိုင်ရှေ့မှာ သေနတ်ကိုအတွဲလိုက်ဆွဲပြီး ပစ်သတ်သွားတာ “ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အရပ်သားလူငယ်ဖြစ်ပြီး သေနတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်ကို လူမှုကွန်ရက်၌ ပျံ့နှံ့လာသော ဓာတ်ပုံများတွင် တွေ့ရသည်။ ယနေ့(မေလ ၁ရက်) နံနက် ၃နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်သတ်လိုက်ခြင်းဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်ဒေသခံအရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDFနှင့် ဆက်နွယ်သည်ဟုဆိုကာ ဆက်တိုက်ဖမ်းဆီးနေပြီး အလွယ်တကူ သတ်ဖြတ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ဧပြီ ၂၃ရက် နံနက်အစောပိုင်းက စစ်ကောင်စီ၏ တပ်မ(၃၃) လက်အောက်ခံတပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင် (DSA အပတ်စဥ် ၄၇)နှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။ ဧပြီ ၂၄ရက် နံနက်တွင်ယခင်ကတည်းကဖမ်းဆီးထား​သော PDFတစ်ဦးနှင့် အရပ်သားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်ပြီး Happy KTV ရှေ့ အများပြည်သူမြင်ကွင်းတွင် ရုပ်အလောင်း လာချထားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၁ရက်ကလည်း ဆန်ခါနှင့် မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူငယ်အများစုပါဝင်သော ဒေသခံအရပ်သား ၂၀၀ကျော်ကို ဖမ်းဆီးခဲ့သည်။ ၅၀ခန့်ကိုသာ ပြန်လွှတ်ပေးပြီး ကျန်သူများ ယနေ့အထိ ဖမ်းဆီးခံထားရဆဲဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။