Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ယူ-၂၂ ဘောလုံးအသင်း ဆီးဂိမ်းပြိုင်ပွဲတွင် ဂိုးပြတ်ရှုံးနိမ့်

မြန်မာအသင်း အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲစဥ်များအဖြစ် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက်ယှဥ်ပြိုင်ရမည် ဖြစ်သည်။

ဓာတ်ပုံ - MFF
ဓာတ်ပုံ - MFF

စစ်ကောင်စီ၏ မြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် ယနေ့ (မေလ ၄) ညနေပိုင်းက အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဥ်ပြိုင်ရာ ၅ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲတွင် မြန်မာ ယူ-၂၂ အသင်းကို ဂျာမနီလူမျိုး နည်းပြသစ် မိုက်ကယ် ဖိုက်တန်ဘန်နာက ဦးဆောင်ခဲ့ပြီး မလေးရှားလိဂ်တွင် ကစားနေသည့် တောင်ပံကစားသမား ဟိန်းထက်အောင် ပါဝင်ခဲ့သည်။

သို့သော် မြန်မာအသင်းအနေဖြင့် အင်ဒိုနီးရှားအသင်းကို ခြေစွမ်းပိုင်း ယှဥ်ကစားနိုင်ခြင်း မရှိဘဲ ပထမပိုင်းတွင် နှစ်ဂိုး ၊ ဒုတိယပိုင်းတွင် သုံးဂိုး ပေးခဲ့ရကာ ပွဲအပြီး၌ ၅ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။

မြန်မာအသင်းသည် ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် တီမောအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယမြောက်ပွဲတွင် အင်ဒိုနီးရှားအသင်းကို ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ရမှတ် ၃မှတ်ဖြင့် အုပ်စုတွင်း တတိယနေရာ၌ ရပ်တည်နေသည်။

Public Service Announcement

Public Service Announcement

မြန်မာအသင်း အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲစဥ်များအဖြစ် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက်ယှဥ်ပြိုင်ရမည် ဖြစ်သည်။

စစ်တပ်အာဏာသိမ်းခံရပြီးနောက်ပိုင်းတွင် လက်ရွေးစင်ဘောလုံးအသင်း အပါအဝင် သက်တမ်းအလိုက် ဘောလုံးအသင်းတို့သည် နိုင်ငံတကာပြိုင်ပွဲများတွင် ရှုံးပွဲများ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရကာ ပရိသတ်များ၏ လှောင်ပြောင်ရှုတ်ချခြင်းကိုလည်း ခံနေရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။