Connect with us

Hi, what are you looking for?

သတင်း

ဟားခါးတိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် ရွာတစ်ရွာကို ထပ်မံလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဟားခါးမြို့နယ် ဗန်တလန်ကျေးရွာကို စစ်ကောင်စီတပ်က မေလ ၂ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နေ့လည်ပိုင်းတွင် ဗန်တလန်ရွာအနီးရှိ မာလ်ဆောမ်ရွာကို ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

(စစ်ကောင်စီက ယနေ့တွင် မာလ်ဆောမ်ရွာဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Jouranl)
(စစ်ကောင်စီက ယနေ့တွင် မာလ်ဆောမ်ရွာဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Jouranl)

▪️မေလဆန်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၁၅ဦးခန့်သေ၊ လက်နက် ၁၀လက်ရဟု CNA ပြော

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း၌ ဖြစ်ပွားနေသည့်တိုက်ပွဲတွင်အထိနာနေသည့် စစ်ကောင်စီတပ်က ယနေ့ ဟားခါးမြို့နယ်ရှိ ကျေးရွာတစ်ရွာကို ထပ်မံ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဟားခါးမြို့နယ် ဗန်တလန်ကျေးရွာကို စစ်ကောင်စီတပ်က မေလ ၂ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နေ့လည်ပိုင်းတွင် ဗန်တလန်ရွာအနီးရှိ မာလ်ဆောမ်ရွာကို ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

“ခုဏက လေးကြိမ်ပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့အနီးမှာရှိတဲ့ ကျေးရွာတစ်ရွာကို ပြီးခဲ့တဲ့ ၄၅ မိနစ်လောက်က ဂျက်ဖိုက်တာတစ်စီး ဗုံးလာကြဲတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

(စစ်ကောင်စီက ယနေ့တွင် မာလ်ဆောမ်ရွာဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Jouranl)
(စစ်ကောင်စီက ယနေ့တွင် မာလ်ဆောမ်ရွာဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – The Chin Jouranl)

ထိုသို့ ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းနှင့် အနီးအနားရှိ နေအိမ်များ ပျက်စီးမှုရှိသော်လည်း ပြည်သူလူထု သေဆုံးမှုမရှိဟု ၎င်းက ဆိုသည်။ အဆိုပါဒေသတိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်လျက်ရှိရာ ဗန်တလန်ရွာ လေကြောင်းတိုက်ခိုက်မှုတွင်လည်း ပြည်သူ ထိခိုက်မှုမရှိဘဲ နေအိမ် ၁၅လုံး ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

“မေလ ၁ရက်နေ့ကနေ ဒီနေ့အထိတိုက်ပွဲက ပြင်းထန်နေတော့ သူတို့ဘက်က အကျအဆုံးအထိနာတောတွေရှိတယ်။ ဒီနေ့အပါအဝင်ဆိုရင် သူတို့ဘက်က ၁၅ယောက်လောက်ကျတာပေါ့။ ကျနော်တို့ဘက်ကလည်း ၅ယောက်လောက်ဒဏ်ရာရရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် စစ်ကောင်စီတပ်က လေကြောင်းမှ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲမှာ အထိနာရင် လေကြောင်း ပိုပြီးတိုက်ခိုက်နေတာ။ အဲဒါကြောင့် ပြည်သူတွေကိုယ့်လုံခြုံရေးကို ပိုသတိထားဖို့ပေါ့” ဟု ဆလိုင်းထက်နီက ပြည်သူများအား တိုက်တွန်းသည်။

(စစ်ကောင်စီက ယနေ့တွင် မာလ်ဆောမ်ရွာဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Jouranl)
(စစ်ကောင်စီက ယနေ့တွင် မာလ်ဆောမ်ရွာဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – The Chin Jouranl)

စစ်ကောင်စီတပ် စစ်ကြောင်းများအနေဖြင့် ဟားခါးမြို့ စစ်ဗျူဟာသို့ အင်အားဖြည့်တင်းရန် ဖလမ်း-ဟားခါးလမ်း၊ ဂန့်ဂေါ- ဟားခါးလမ်းအတိုင်း လာရောက်လျက်ရှိရာချင်း ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များပြားလျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်ခေါင်းဆောင်များ၏ အမိန့်နာခံပြီး အသက် ပေးခြင်းထက် အမှန်တရားဘက် ပြည်သူနှင့်အတူ ရပ်တည်သင့်သည်ဟု ဆလိုင်းထက်နီက တိုက်တွန်းသည်။

“အဲဒါက စစ်ကောင်စီက အတင်းတွန်းခိုင်းနေတာဖြစ်တယ်။ အဲဒါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေအထားကတော့ ပြည်သူ့ဆီမှာ ခိုဝင်လာဖို့ အဲဒါ အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ သူတို့ကို ပြောချင်တယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။