Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်နယ်တွင် တိုက်ပွဲဖြစ်၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား အလောင်းခြောက်လောင်းတွေ့

ဗန်းမောက်မြို့နယ် ကြောင်လည်ရွာအနီးတွင် ယမန်နေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိအခိုက် အကျအဆုံးအခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း အသိပေးထားသည်။

(ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - BRTEAM)
(ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - BRTEAM)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်များ၏ ပုတ်ပွနေသော အလောင်းခြောက်လောင်းတွေ့ရှိကြောင်း Banmauk Revolutionက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီအတွင်း စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သော ဗန်းမောက်မြို့နယ် အနောက်ဖက် ဆိတ်စခူမှော်အနီးအား နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် စစ်ကောင်စီတပ်များ ထားပစ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းခြောက်လောင်းကို တွေ့ရှိရသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့၏ သတင်းပေးပို့ချက်ကို ဖော်ပြသည်။

အလောင်းများ မြင်မကောင်းအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အနံ့အသက်များလည်း ဆိုးဝါးနေသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့က ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

မှတ်တမ်းဓာတ်ပုံများအား အင်တာနက်ရရှိသည့်နေရာရောက်မှသာ ပေးပို့နိုင်မည်ဖြစ်၍ လတ်တလော မတင်ပြနိုင်သေးဟု ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယမန်နေ့(မေလ ၈ရက်)တွင် ဗန်းမောက်မြို့နယ်၌ PDFတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗန်းမောက်မြို့နယ် ကြောင်လည်ရွာအနီးတွင် ယမန်နေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိအခိုက် အကျအဆုံးအခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း အသိပေးထားသည်။

ဗန်းမောက်နယ်တွင် ဧပြီအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့၍ လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။