Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးခံရပြီးနောက် ဒေါ်ဝင်းမြမြကိုတွေ့ရစဉ် (ပုံဟောင်း)
အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးခံရပြီးနောက် ဒေါ်ဝင်းမြမြကိုတွေ့ရစဉ် (ပုံဟောင်း)

အသက် ၇၄ နှစ်အရွယ် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြဟာ ဒီနေ့မှာ လွတ်ရက်စေ့လို့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

ဒေါ်ဝင်းမြမြ ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတင် ဖမ်းဆီးကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ချခဲ့တာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးပြောပြပါတယ်။

Public Service Announcement
Public Service Announcement

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က လျော့ရက်ရခဲ့လို့ သတ်မှတ်ရက်ထက်စောပြီးလွတ်လာတာလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်ဝင်းမြမြဟာ NLD ပါတီ စတင်ထူထောင်ချိန်ကတည်းက ပါတီဝင်အဖြစ် ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဇာနည်အောင်ဟာထောင်ဒဏ်စေ့သွားလို့ထောင်ကနေပြန်လွှတ်လာပေမယ့်ခြေချုပ်၊ခံဝန်ဥပဒေနဲ့ထပ်မံတရား စွဲဆိုခံထားရတယ်လို့ တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ ဝင်ဝန်ကြီး ဦးဇာနည်အောင် ဟာ ထောင်ဒဏ်စေ့သွားလို့ ဒီနေ့ (အောက်တိုဘာလ ၂၃ ရက်)မှာ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေ မထားကြဖို့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးကြေညာပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ညောင်ပင်တဲကျေးရွာမှာ ညီအကို ၃ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။