Connect with us

Hi, what are you looking for?

သတင်း

ဆောနယ်တွင် မိုခါမုန်တိုင်းကြောင့် မိုးကောင်းပြီး စစ်ဘေးရှောင်များ၏ ယာယီတဲများ ပျက်ဆီး

မကွေးတိုင်း ယောဒေသတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ရက်မှ မေလ ၁၄ရက် ညအထိ မိုးကောင်းခဲ့ပြီး ဒေသခံများ ရေဘေးကြုံခဲ့ခြင်းဖြစ်သည်။

(ယော​ဒေသ ​ဆောနယ်တွင် ​မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ နေအိမ်တစ်လုံးပြို​နေစဥ်။ဓာတ်ပုံ - CJ)
(ယော​ဒေသ ​ဆောနယ်တွင် ​မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ နေအိမ်တစ်လုံးပြို​နေစဥ်။ဓာတ်ပုံ - CJ)

ယောဒေသ ဆောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တောင်ကျရေဆင်းလာ၍ စစ်ဘေးရှောင်ပြည်သူများ၏ ယာယီတဲများ ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု ဂန့်ဂေါခရိုင်၊ တပ်ရင်း (၁၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်း ယောဒေသတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ရက်မှ မေလ ၁၄ရက် ညအထိ မိုးကောင်းခဲ့ပြီး ဒေသခံများ ရေဘေးကြုံခဲ့ခြင်းဖြစ်သည်။

“စစ်ကြောင်းတွေဝင်ခဲ့လို့ရွာမှာ မနေရဲလို့ ရွာပြင် ကို ထွက်နေရသူတွေ ရှိတယ်။ချောင်းဘေးနေရာတွေမှာ စစ်ဘေး‌ရှောင်တဲလေးတွေနဲ့ နေကြရတာ။ အဲ့ဒီတဲလေး‌တွေ ပါသွားတယ်။ တောင်ယာကတဲတွေ ပျက်စီးတယ်”ဟု ဂန့်ဂေါခရိုင်၊ တပ်ရင်း(၁၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လတ်တလောတွင် ရေပြန်ကျသွားသော်လည်း ပြန်လည်ထူထောင်ရေး အတွက်အခက်အခဲများစွာရှိသည်ဟု ဆိုသည်။ ယောဒေသရှိ ဆောနှင့် ကျောက်ထုမြို့နယ် ပတ်ဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းများကြောင့် အမြဲတမ်းစစ်ဘေးရှောင်ဦးရေ ၁,၀၀၀ခန့်ရှိပြီး စစ်ကြောင်းဝင်လာပါက ဒေသခံ တစ်သောင်းခန့် စစ်ဘေးရှောင်ကြရသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

မိုခါမုန်တိုင်းဘေးမှာ ဒေသခံပြည်သူများကို ပို၍ အကျပ်အတည်းဖြစ်စေသည်ဟု ဒေသတွင်း အရပ်ဘက်အရေးဆောင်ရွက်သူများက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်က ယောနယ်တွင် စစ်ရေးလှုပ်ရှားမှုမရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီ ၈ရက်က ဂန့်ဂေါခရိုင်၊ တပ်ရင်း(၁၃)၊တပ်ရင်း(၈)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...