Connect with us

Hi, what are you looking for?

သတင်း

ဆောနယ်တွင် မိုခါမုန်တိုင်းကြောင့် မိုးကောင်းပြီး စစ်ဘေးရှောင်များ၏ ယာယီတဲများ ပျက်ဆီး

မကွေးတိုင်း ယောဒေသတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ရက်မှ မေလ ၁၄ရက် ညအထိ မိုးကောင်းခဲ့ပြီး ဒေသခံများ ရေဘေးကြုံခဲ့ခြင်းဖြစ်သည်။

(ယော​ဒေသ ​ဆောနယ်တွင် ​မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ နေအိမ်တစ်လုံးပြို​နေစဥ်။ဓာတ်ပုံ - CJ)
(ယော​ဒေသ ​ဆောနယ်တွင် ​မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ နေအိမ်တစ်လုံးပြို​နေစဥ်။ဓာတ်ပုံ - CJ)

ယောဒေသ ဆောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တောင်ကျရေဆင်းလာ၍ စစ်ဘေးရှောင်ပြည်သူများ၏ ယာယီတဲများ ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု ဂန့်ဂေါခရိုင်၊ တပ်ရင်း (၁၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်း ယောဒေသတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ရက်မှ မေလ ၁၄ရက် ညအထိ မိုးကောင်းခဲ့ပြီး ဒေသခံများ ရေဘေးကြုံခဲ့ခြင်းဖြစ်သည်။

“စစ်ကြောင်းတွေဝင်ခဲ့လို့ရွာမှာ မနေရဲလို့ ရွာပြင် ကို ထွက်နေရသူတွေ ရှိတယ်။ချောင်းဘေးနေရာတွေမှာ စစ်ဘေး‌ရှောင်တဲလေးတွေနဲ့ နေကြရတာ။ အဲ့ဒီတဲလေး‌တွေ ပါသွားတယ်။ တောင်ယာကတဲတွေ ပျက်စီးတယ်”ဟု ဂန့်ဂေါခရိုင်၊ တပ်ရင်း(၁၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လတ်တလောတွင် ရေပြန်ကျသွားသော်လည်း ပြန်လည်ထူထောင်ရေး အတွက်အခက်အခဲများစွာရှိသည်ဟု ဆိုသည်။ ယောဒေသရှိ ဆောနှင့် ကျောက်ထုမြို့နယ် ပတ်ဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းများကြောင့် အမြဲတမ်းစစ်ဘေးရှောင်ဦးရေ ၁,၀၀၀ခန့်ရှိပြီး စစ်ကြောင်းဝင်လာပါက ဒေသခံ တစ်သောင်းခန့် စစ်ဘေးရှောင်ကြရသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

မိုခါမုန်တိုင်းဘေးမှာ ဒေသခံပြည်သူများကို ပို၍ အကျပ်အတည်းဖြစ်စေသည်ဟု ဒေသတွင်း အရပ်ဘက်အရေးဆောင်ရွက်သူများက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်က ယောနယ်တွင် စစ်ရေးလှုပ်ရှားမှုမရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီ ၈ရက်က ဂန့်ဂေါခရိုင်၊ တပ်ရင်း(၁၃)၊တပ်ရင်း(၈)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ၊ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။