Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ ပျက်ဆီးဆုံးရှုံးမှုစာရင်းကောက်ဖို့ ဆက်သွယ်ရေးအခက်အခဲဖြစ်နေတယ်လို့ကုလဆို

UNOCHA က မြေပြင် အဖွဲ့တွေနဲ့ ဆက်သွယ်ရေးဟာ အကန့်အသတ်ရှိနေပေမယ့် ကနဦးအစီရင်ခံစာတွေအရ မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုဟာ ကြီးမားတယ်လို့ ဆိုထားပါတယ်။

မုန်တိုင်းကြောင့် စစ်တွေမြို့ရဲ့ ထိခိုက်ပျက်စီးမှုကို ဂြိုလ်တုဓာတ်ပုံအရတွေ့ရစဉ်
မုန်တိုင်းကြောင့် စစ်တွေမြို့ရဲ့ ထိခိုက်ပျက်စီးမှုကို ဂြိုလ်တုဓာတ်ပုံအရတွေ့ရစဉ်

မုန်တိုင်းဒဏ်သင့်သွားတဲ့ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၆ မြို့နယ် ရဲ့ ပျက်စီးဆုံးရှုံးမှု စစ်တမ်းစတင်ကောက်ယူဖို့ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက (UNOCHA) က ဒီနေ့မှာ အသိပေးလိုက်ပါတယ်။

အဲဒီမြို့နယ်တွေကတော့ စစ်တွေ ၊ပေါက်တော ၊ရသေ့တောင် ၊မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်တို့ဖြစ်ပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေနဲ့အရေးပေါ် လိုအပ်ချက်တွေကို ဦးစားပေး ကူညီဖို့ စစ်တမ်းကောက်တာလို့လည်း ဆိုထားပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတစ်ခုဖြစ်တဲ့ UNDP ကတော့ ရခိုင်ပြည်နယ်မှာ လတ်တလော ဆက်သွယ်ရေးအခက်အခဲ ကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို အတိအကျကောက်ယူရရှိဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းကြောင့် လမ်းပိတ်ဆို့တာ ၊တယ်လီဖုန်းလိုင်းတွေပြတ်တောက်တာ စတဲ့ အခက်အခဲတွေ ရှိနေတာပါ။

UNOCHA က မြေပြင် အဖွဲ့တွေနဲ့ ဆက်သွယ်ရေးဟာ အကန့်အသတ်ရှိနေပေမယ့် ကနဦးအစီရင်ခံစာတွေအရ မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုဟာ ကြီးမားတယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ −Maxar Technologies

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။