Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်မှာ ပျက်ဆီးဆုံးရှုံးမှုစာရင်းကောက်ဖို့ ဆက်သွယ်ရေးအခက်အခဲဖြစ်နေတယ်လို့ကုလဆို

UNOCHA က မြေပြင် အဖွဲ့တွေနဲ့ ဆက်သွယ်ရေးဟာ အကန့်အသတ်ရှိနေပေမယ့် ကနဦးအစီရင်ခံစာတွေအရ မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုဟာ ကြီးမားတယ်လို့ ဆိုထားပါတယ်။

မုန်တိုင်းကြောင့် စစ်တွေမြို့ရဲ့ ထိခိုက်ပျက်စီးမှုကို ဂြိုလ်တုဓာတ်ပုံအရတွေ့ရစဉ်
မုန်တိုင်းကြောင့် စစ်တွေမြို့ရဲ့ ထိခိုက်ပျက်စီးမှုကို ဂြိုလ်တုဓာတ်ပုံအရတွေ့ရစဉ်

မုန်တိုင်းဒဏ်သင့်သွားတဲ့ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၆ မြို့နယ် ရဲ့ ပျက်စီးဆုံးရှုံးမှု စစ်တမ်းစတင်ကောက်ယူဖို့ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက (UNOCHA) က ဒီနေ့မှာ အသိပေးလိုက်ပါတယ်။

အဲဒီမြို့နယ်တွေကတော့ စစ်တွေ ၊ပေါက်တော ၊ရသေ့တောင် ၊မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်တို့ဖြစ်ပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေနဲ့အရေးပေါ် လိုအပ်ချက်တွေကို ဦးစားပေး ကူညီဖို့ စစ်တမ်းကောက်တာလို့လည်း ဆိုထားပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတစ်ခုဖြစ်တဲ့ UNDP ကတော့ ရခိုင်ပြည်နယ်မှာ လတ်တလော ဆက်သွယ်ရေးအခက်အခဲ ကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို အတိအကျကောက်ယူရရှိဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းကြောင့် လမ်းပိတ်ဆို့တာ ၊တယ်လီဖုန်းလိုင်းတွေပြတ်တောက်တာ စတဲ့ အခက်အခဲတွေ ရှိနေတာပါ။

UNOCHA က မြေပြင် အဖွဲ့တွေနဲ့ ဆက်သွယ်ရေးဟာ အကန့်အသတ်ရှိနေပေမယ့် ကနဦးအစီရင်ခံစာတွေအရ မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုဟာ ကြီးမားတယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ −Maxar Technologies

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

ရက္ခိုင့်တပ်တော်က ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်းAA က ​ကြေညာထားသည်။