Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကြောင့် မင်းတပ်ရှိ ကျေးရွာ ၂၄ရွာ ထိခိုက်ပျက်စီး

ယနေ့ (မေလ ၁၉ ရက်)အထိ စာရင်းများအရ နေအိမ် ၆၀၀ နီးပါး၊ အစိုးရအဆောက်အဦးရ၉၄ ခု၊ ဘာသာရေးအဆောက်အဦ ၂၃ ခု၊ စပါးကျီပေါင်း ၁၅၃ခု ထိခိုက်ပျက်စီးပြီး အခြား အိမ်မွေးကျွဲနွားတိရစ္ဆာန် ၁၃ကောင် သေဆုံးခဲ့ကြောင်း အသိပေးသည်။

(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မင်းတပ် - ပအဖ)
(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မင်းတပ် - ပအဖ)

▪️စပါးကျီ ၁၅၀ကျော်ပျက်စီးခဲ့၍ စားနပ်ရိက္ခာလိုအပ်ချက်ရှိဟု အသိပေး

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄ရွာမှ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ယနေ့ (မေလ ၁၉ ရက်)အထိ စာရင်းများအရ နေအိမ် ၆၀၀ နီးပါး၊ အစိုးရအဆောက်အဦးရ၉၄ ခု၊ ဘာသာရေးအဆောက်အဦ ၂၃ ခု၊ စပါးကျီပေါင်း ၁၅၃ခု ထိခိုက်ပျက်စီးပြီး အခြား အိမ်မွေးကျွဲနွားတိရစ္ဆာန် ၁၃ကောင် သေဆုံးခဲ့ကြောင်း အသိပေးသည်။

“တိုက်နယ်တွေကျေးရွာတွေ အသီးသီးကနေ ပျက်စီးဆုံးရှုံးစာရင်းလာပို့ပေးတယ်။ အဓိကတော့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့အပိုင်းတွေပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေးရုံးကိုလာပို့တယ်။ အဲဒီကနေ စာရင်းတွေယူပြီးမှ ပြည်သူ့အုပ်ချုပ်ရေးကနေ ပေါ့နော်လိုအပ်တာတွေ ပြန်လည် ပြုပြင် မွမ်းမံတာတွေ တည်ဆောက်တာတွေ ကျနော်တို့ လုပ်အားနဲ့လုပ်ပေးနိုင်တဲ့ အပိုင်းတွေ စတင်လုပ်ဆောင်နေပါပြီ။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းကပေါ့။”ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement
Public Service Announcement

လိုအပ်သည့်လူသားချင်းစာနာထောက်ထားမှု အကူအညီများရနိုင်ရေး ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ရဲ့ ဆုံးရှုံးမှုက ကြီးပေမယ့်လို့ ရခိုင်ပြည်နယ်နဲ့ စာရင် ကျနော်တို့ဘက်က တအားကြီးပြောဖို့ မဝံ့မရဲဖြစ်တာပေါ့ဗျာ။ ကျနော်တို့တင်မဟုတ်ပါဘူး မုန်တိုင်းဘေးအားလုံးကို ကူညီပါဝင်ပေးဖို့ မေတ္တာရပ်ခံချင်တာပေါ့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

အရေးပေါ် လိုအပ်ချက်အဖြစ် ဆန်နှင့်စားနပ်ရိက္ခာ လိုအပ်လျက်ရှိပြီး ကားလမ်း၊ မြေသားလမ်းများ ပြိုကျပျက်စီးမှုကြောင့် အခြားလိုအပ်သော ဆေးဝါးနှင့် ကုန်စည်များသယ်ယူရန်ခက်ခဲနေကြောင်း မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

တောင်ယာခင်းများနှင့် စပါးကျီများလည်း ပျက်စီးဆုံးရှုံးမှုများသောကြောင့် လာမည့်မုတ်သုန်မိုးရာသီတွင် တောင်သူများအတွက် အလွန်ခက် ခဲလာမည်ဟု ဖော်ပြသည်။

ပျက်စီးဆုံးရှုံးမှုစာရင်းများကို မြေပြင်ကွင်းဆင်း၍ ဆက်လက်ကောက်ယူနေဆဲဖြစ်ပြီး ထပ်မံရရှိလာသောစာရင်းများကို ပြန်လည်တင်ပြသွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။