Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်နယ် စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ အကူအညီလိုအပ်ဟု ဒေသခံပြော

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု၊ ကျေးရွာများ မီးရှို့မှုကြောင့် စစ်ရှောင်ပြည်သူများ အခက်အခဲများစွာ ကြုံနေရပြီး အကူအညီများလိုအပ်နေသည်ဟု အသိပေးသည်။

(တိုက်ပွဲဝင်ရန် ပြင်ဆင်​နေ​သော ဗန်း​မောက်​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Banmauk Revolution)
(တိုက်ပွဲဝင်ရန် ပြင်ဆင်​နေ​သော ဗန်း​မောက်​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Banmauk Revolution)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်ကြောင်း ဗန်းမောက်နယ်ခံ သတင်းရင်းမြစ်က ပြောသည်။

ဗန်းမောက်မြို့နယ် ကြောင်လည်ရွာ၊ မံထွန်ရွာအနီးတွင် မေလ ၂၀ရက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗန်းမောက်ရဲစခန်းမှလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း Banmauk Revolution က ယမန်နေ့တွင် အသိပေးထားသည်။

“မနေ့တုန်းက တိုက်ပွဲဖြစ်တယ်။ လေယာဉ်နဲ့ ဗုံး ၂နေရာ ကြဲသွားတယ်။ အဲဒီဟာပဲရှိပါသေးတယ်။ အထိအခိုက်ကတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးပါဘူး။ အဲဒီဘက်အနေအထားက ဆက်သွယ်ရေးခက်ခဲတဲ့အနေအထားရှိတယ်” ဟုဗန်းမောက် ​ဒေသခံတစ်ဦးကပြောသည်။

ဗန်းမောက်နယ်အတွင်း လက်ရှိ အခြေအနေမှာ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေစစ်ရှောင်နေရပါတယ်။ စစ်ရှောင်နေရတဲ့အတွက် ကျနော်တို့ဒေသမှာ စစ်ရှောင်တွေအတွက် စားဝတ်နေရေး ရိက္ခာတွေ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု လိုအပ်ချက်တွေရှိနေပါတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဗန်းမောက်နယ်တွင် SNA တပ်နှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားခြင်း၊ ရွာများကို မီးရှို့ခြင်း၊ ကျေးရွာများတွင် တပ်စွဲထားခြင်း ပြုလုပ်ထားသည်ဟု​ဒေသခံအချို့က​ပြောသည်။

“SNAကို စကစကနေလက်နက်တွေတပ်ဆင်ပေးသွာတယ်။ တပ်ဆင်ပေးပြီးတဲ့နောက်မှာSNAကထိုးစစ်ဆင်တာရှိတယ်။ရွာတွေမီးရှို့တာရှိတယ်။ ဗန်းမောက်မြို့ရဲ့ အနောက်ခြမ်းရွာတွေက SNAနဲ့ စကစ ပူးပေါင်းပြီးထိုင်ထားတာ။ ရွာတွေတော်တော်များများကိုလေ ။ အခုဆိုရင် ကျေးရွာတွေကို လူတွေ ခွဲတမ်းချပြီး တပ်အင်အား စုဆောင်းနေတာရှိတယ်” ဟု ဗန်းမောက်နယ်ခံ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု၊ ကျေးရွာများ မီးရှို့မှုကြောင့် စစ်ရှောင်ပြည်သူများ အခက်အခဲများစွာ ကြုံနေရပြီး အကူအညီများလိုအပ်နေသည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။