Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းရှိ ပဒူတိုက်နယ်ရဲစခန်းကို ဒေသကာကွယ် ရေးအဖွဲ့များ တိုက်ခိုက်

ပဒူရဲစခန်းတိုက်ခိုက်မှုကို 96 Soldiers-PDF နှင့် နယ်မြေခံ ပကဖများ၊ တပ်ရင်းတပ်ဖွဲ့များစုပေါင်း၍ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ပဒူရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေစဥ်နှင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေစဉ်။ ဓာတ်ပုံ-96 Soliders)
(ပဒူရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေစဥ်နှင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေစဉ်။ ဓာတ်ပုံ-96 Soliders)

▪️စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာ ရဟတ်ယာဥ်ဖြင့်လာပစ်၍ ဆုတ်ခွာခဲ့ရဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပဒူတိုက်နယ်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာ စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မေလ ၂၂ရက်)က စစ်ကိုင်းမြို့နယ်ရှိ ပဒူတိုက်နယ်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ သို့သော် စခန်းအား သိမ်းပိုက်ရန်ကြိုးစားတိုက်နေစဥ် စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် အကြိမ်ကြိမ်လာရောက်ပစ်ခတ်ခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း 96 Soldiers-PDF အဖွဲ့က အသိပေးသည်။

(ပဒူရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေစဥ်နှင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေစဉ်။ ဓာတ်ပုံ-96 Soliders)
(ပဒူရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေစဥ်နှင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေစဉ်။ ဓာတ်ပုံ-96 Soliders)

“ပဒူ ရဲစခန်းပေါက်ထိ ကပ်ရောက်နိုင်ခဲ့တယ်။ မနက် ကိုးနာရီခွဲကစပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်တယ်။ နေ့ခင်း ၁၂ လောက်မှာ ပုဇင်း(လေယာဥ်)နဲ့ ပထမတစ်ကြိမ် လေးခါပစ်တယ်။ ဒုတိယတကြိမ် သုံးခါပစ်တယ်။ လေယာဥ်နဲ့လာပစ်လို့ ပြန်ဆုတ်ခဲ့တာပါ။”ဟု တိုက်နယ်စွန် PDF အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများရှိပြီး စစ်ကောင်စီတပ်က ပဒူရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးရာ ညပိုင်းအထိ လောင်ကျွမ်းခဲ့သည်။

Public Service Announcement

Public Service Announcement

ပဒူရဲစခန်းတိုက်ခိုက်မှုကို 96 Soldiers-PDF နှင့် နယ်မြေခံ ပကဖများ၊ တပ်ရင်းတပ်ဖွဲ့များစုပေါင်း၍ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ပဒူရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေစဥ်နှင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေစဉ်။ ဓာတ်ပုံ-96 Soliders)
(ပဒူရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေစဥ်နှင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေစဉ်။ ဓာတ်ပုံ-96 Soliders)

“အစတုန်းကတော့ ပဒူစခန်းကကောင်တွေက ကျွန်တော်တို့ကဖြစ်ရင်တောင် ပြည်သူဘက်ကလိုက်မှာဆိုပြီး ပြည်သူနဲ့သင့်တင့်အောင်နေတာ။ တကယ်လည်းဖြစ်ရော သူတို့ဘက်က(စစ်ကောင်စီဘက်က)ပဲ ဝင်ပစ်သွားတယ်ပြောတယ်။ အခုထိလည်း ရွာထဲမှာရှိနေတုန်းပဲ။ ရွာလည်းတော်တော်ကုန်လောက်ပါပြီ။ပဒူမှာ တပ်ချမယ်လည်းကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၁၉ ရက် နံနက်ပိုင်းကစတင်ကာ ပဒူရွာသို့ ထိုးစစ်ဆင်ခဲ့ပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပဒူ၊ ကန်ကြီးကုန်း၊ဆည်လေးကျေးရွာတဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သ​ည်။

(ပဒူရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေစဥ်နှင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေစဉ်။ ဓာတ်ပုံ-96 Soliders)
(ပဒူရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေစဥ်နှင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေစဉ်။ ဓာတ်ပုံ-96 Soliders)

အဆိုပါ တိုက်ပွဲများကြောင့် စစ်ကိုင်းနယ်ရှိ ကျေးရွာ (၈)ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်များ​၏ ယာဉ်တိမ်းမှောက်၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးလည်း အုတ်တံတိုင်းပိသေဆုံးခဲ့သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ် စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်အုပ်စုထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း၊စစ်အုပ်စုဘက်ကလည်း အထိနာခဲ့ကြောင်း ကျောက်ဆည် K.S PDF အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။