Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံး

လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့်မြို့ ဂေါက်ကွင်းဖက်မှ နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်ကြီးအချို့လည်း လဲကျခဲ့ကြောင်း သတင်းရရှိသည်။ သို့သော် ပျက်စီးဆုံးရှုံးမှုကို လတ်တလော မသိရသေးပေ။

(မိုးကြိုးထိမှန်၍ သေဆုံးသွားသော အမျိုးသားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုးကြိုးထိမှန်၍ သေဆုံးသွားသော အမျိုးသားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ (မေလ ၂၄ရက်) နံနက်က မိုးသက်လေပြင်းကျ၍ မိုးကြိုး ပစ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး နေအိမ်အချို့ ပျက်စီးခဲ့သည်။

နံနက် ၈နာရီခန့်မှစတင်ကာ မိုးသက်လေပြင်းကျရောက်ခဲ့ခြင်းဖြစ်သည်။ ဖားကန့်မြို့နယ် မမုံကျေးရွာမှ ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး၊ ကထန်ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးတို့ မိုးကြိုးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

“ရာသီဥတုက ရုတ်တရက်ဆိုးဝါးသွားတာဗျ။ မိုးကြိုးပစ်လို့ နှစ်ယောက်တောင် သေတယ်။ နေရာမတူကြဘူး။ နည်းနည်းတော့ ကြောက်စရာကောင်းတယ်”ဟု ဖားကန့်ဒေသခံတဦးက ပြောသည်။

သေဆုံးသူနှစ်ဦးမှာ အသက် (၄၀)ခန့် ကိုစိုင်းမောင်မြင့်နှင့် ကိုရွှေသိန်းဆိုသူ ဖြစ်သည်။

Public Service Announcement

Public Service Announcement

လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့်မြို့ ဂေါက်ကွင်းဖက်မှ နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်ကြီးအချို့လည်း လဲကျခဲ့ကြောင်း သတင်းရရှိသည်။ သို့သော် ပျက်စီးဆုံးရှုံးမှုကို လတ်တလော မသိရသေးပေ။

ယခုကာလသည် မိုးကြိုးနှင့် လေပြင်းဘေးကို သတ်ိထားရမည့်ကာလ ဖြစ်သည်။ ပုံမှန်ရာသီဥတုအခြေအနေမဟုတ်ဘဲ ရုတ်တရုတ် မိုးရွာလာပါက ခိုင်ခန့်သော အမိုးအကာများအောက်တွင်သာ နေထိုင်ရန်၊ ကွင်းပြင်နေရာများနှင့် သစ်ပင်ကြီးများအောက်တွင် မနေရန် မိုးကြိုးနှင့်လေပြင်းဘေး သတိပေးချက်များတွင် ဖော်ပြထားသည်။

ဖားကန့်ဒေသသည် မိုးကောင်းပါက မြေစာပုံများပြိုကျသည့်အန္တရာယ်လည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။