Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ဘောလုံးပွဲကို မိုးကြိုးပစ်လို့ ကစားသမားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သြဂုတ် – ၅ ၊၂၀၂၆

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နာရာသီဝတ် ပြည်နယ်ထဲက ဆွန်ဂိုင်ကိုလော့ ဒေသမှာ ကိုလော့ဒေသတွင်း ရှုံးထွက်ဖလား ပွဲစဉ်တစ်ခု ကျင်းပနေတုန်း ဩဂုတ် ၄ ရက်နေ့က ကွင်းထဲကို မိုးကြိုးပစ်ချခဲ့တာပါ။

မိုးကြိုးဒဏ်ကြောင့် ယာလာအသင်းရဲ့ ကစားသမားဖြစ်သူ ဆော့ဖ်ဝမ်အာဝေ သေဆုံးသွားပြီး အနီးမှာ ရှိနေသူ ၉ ဦးလည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဆော့ဖ်ဝမ်ဟာ ယာလာ အသင်းနဲ့ မကြာသေးခင်ကမှ စာချုပ်သစ် လက်မှတ် ရေးထိုးထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံက ဘောလုံးအသင်းတွေ၊ ဘောလုံးအဖွဲ့ချုပ်တွေ အများအပြားက ဆော့ဖ်ဝမ် ရုတ်တရက် သေဆုံးမှု သတင်းအတွက် ကြေကွဲဝမ်းနည်းကြောင်း ကြေညာချက်တွေကို လူမှုကွန်ရက်တွေမှာ အသီးသီး ထုတ်ပြန်ထားပါတယ်။

မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ ဘောလုံးကွင်းတွေလိုမျိုး ကွင်းပြင်တွေဟာ အန္တရာယ် အများဆုံး ဇုန်နေရာတွေ ဖြစ်နေတတ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒီ ပြန့်ပြူးတဲ့ မြေကွက်လပ်တွေထဲက ဘောလုံးသမားတွေ အပါအဝင် အမြင့်မားဆုံး အခြေအနေ ရှိနေတဲ့ အရာတွေ၊ လူပုဂ္ဂိုလ်တွေဟာ မိုးကြိုးပစ်ခံရနိုင်ခြေ ရှိပါတယ်။

နိုင်ငံတကာ ဘောလုံးစည်းမျဉ်းတွေမှာတော့ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်တဲ့အခါ ပွဲကို ဆိုင်းငံ့ထားဖို့ 30-30လို့ အတိုကောက် ခေါ်ဝေါ်တဲ့ စည်းမျဉ်းကို အသုံးပြုလေ့ ရှိပါတယ်။ လျှပ်စီးလက်ပြီး စက္ကန့် ၃၀ အတွင်း မိုးခြိမ်းသံ ကြားရပြီဆိုရင် ဒါဟာ အန္တရာယ်ရှိတဲ့ မိုးကြိုးမုန်တိုင်း နီးကပ်လာတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ပွဲကစားနေရင်တောင် ချက်ချင်းရပ်တန့်ဖို့ အကြံပြုထားပါတယ်။ ပြီးရင်တော့ နောက်ဆုံးအကြိမ် မိုးခြိမ်းသံ ကြားရပြီး မိနစ် ၃၀ ကြာတဲ့ထိ စောင့်ဆိုင်းပြီးမှ ပွဲကို ပြန်လည် စတင်သင့်ပါတယ်။

သစ်ပင်တွေ၊ သတ္တုစည်းရိုးတွေနဲ့ တခြားမလုံမခြုံ နေရာတွေဟာ မိုးကြိုးအန္တရာယ်ကို မကာကွယ်နိုင်ပါဘူး။ ခိုင်မာတောင့်တင်းတဲ့ အဆောက်အအုံတွေနဲ့ အမိုးပိုင်းကို အားဖြည့်ထားတဲ့ ယာဉ်တွေကသာ အဲဒီ သဘာဝ ဘေးအန္တရာယ်ကနေ ခံနိုင်ရည် ရှိတာ ဖြစ်ပါတယ်။

ထိုင်းမှာ နှစ်စဉ် မိုးကြိုးပစ်လို့ သေဆုံးသူ ဒါဇင်နဲ့ချီပြီး အများစုက မိုးရာသီအတွင်း ကွင်းပြင်တွေမှာ ရှိနေသူတွေလို့ သိရပါတယ်။

ကိုးကား – Thaigar

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။