Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံး

လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့်မြို့ ဂေါက်ကွင်းဖက်မှ နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်ကြီးအချို့လည်း လဲကျခဲ့ကြောင်း သတင်းရရှိသည်။ သို့သော် ပျက်စီးဆုံးရှုံးမှုကို လတ်တလော မသိရသေးပေ။

(မိုးကြိုးထိမှန်၍ သေဆုံးသွားသော အမျိုးသားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုးကြိုးထိမှန်၍ သေဆုံးသွားသော အမျိုးသားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ (မေလ ၂၄ရက်) နံနက်က မိုးသက်လေပြင်းကျ၍ မိုးကြိုး ပစ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး နေအိမ်အချို့ ပျက်စီးခဲ့သည်။

နံနက် ၈နာရီခန့်မှစတင်ကာ မိုးသက်လေပြင်းကျရောက်ခဲ့ခြင်းဖြစ်သည်။ ဖားကန့်မြို့နယ် မမုံကျေးရွာမှ ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး၊ ကထန်ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးတို့ မိုးကြိုးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

“ရာသီဥတုက ရုတ်တရက်ဆိုးဝါးသွားတာဗျ။ မိုးကြိုးပစ်လို့ နှစ်ယောက်တောင် သေတယ်။ နေရာမတူကြဘူး။ နည်းနည်းတော့ ကြောက်စရာကောင်းတယ်”ဟု ဖားကန့်ဒေသခံတဦးက ပြောသည်။

သေဆုံးသူနှစ်ဦးမှာ အသက် (၄၀)ခန့် ကိုစိုင်းမောင်မြင့်နှင့် ကိုရွှေသိန်းဆိုသူ ဖြစ်သည်။

Public Service Announcement

Public Service Announcement

လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့်မြို့ ဂေါက်ကွင်းဖက်မှ နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်ကြီးအချို့လည်း လဲကျခဲ့ကြောင်း သတင်းရရှိသည်။ သို့သော် ပျက်စီးဆုံးရှုံးမှုကို လတ်တလော မသိရသေးပေ။

ယခုကာလသည် မိုးကြိုးနှင့် လေပြင်းဘေးကို သတ်ိထားရမည့်ကာလ ဖြစ်သည်။ ပုံမှန်ရာသီဥတုအခြေအနေမဟုတ်ဘဲ ရုတ်တရုတ် မိုးရွာလာပါက ခိုင်ခန့်သော အမိုးအကာများအောက်တွင်သာ နေထိုင်ရန်၊ ကွင်းပြင်နေရာများနှင့် သစ်ပင်ကြီးများအောက်တွင် မနေရန် မိုးကြိုးနှင့်လေပြင်းဘေး သတိပေးချက်များတွင် ဖော်ပြထားသည်။

ဖားကန့်ဒေသသည် မိုးကောင်းပါက မြေစာပုံများပြိုကျသည့်အန္တရာယ်လည်း ရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။