Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို

မေလ ၂၃ ရက်မှာ ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ မုန်တိုင်းဒဏ် အဆိုးဆုံး ခံစားရတဲ့ ဧရိယာတွေက လူပေါင်း ၁.၆ သန်းလောက်အတွက် အကူအညီတွေ ပေးနိုင်ဖို့ အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်းလောက် လိုအပ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို
မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို

ဆိုင်ကလုန်းဒဏ်ခံ ပြည်သူတွေအတွက် ထိရောက်တဲ့ ပံ့ပိုး ကူညီမှုတွေ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့အတွက် အာဏာသိမ်း စစ်တပ်ဆီက အသွားအလာ ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့လိုကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေး ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ဗောလ်ကာ တက်ခ်က လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ် အနေနဲ့ မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီ အရေးပေါ် အထောက်အပံ့ ပစ္စည်းတွေ မြန်နိုင်သမျှ မြန်မြန် ရောက်ရှိအောင် စီမံပေးသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

မေလ ၁၄ ရက်က ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင် ကမ်းရိုးတန်းကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီး ရခိုင်နဲ့ ချင်းပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်းမှာပါ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မုန်တိုင်း အလွန် ကယ်ဆယ်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အားထုတ်လာချိန်မှာ စစ်ကောင်စီက မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ သွားရောက်ခွင့်တွေကို ကန့်သတ် ချုပ်ကိုင်ထားတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတာပါ။

Public Service Announcement
Public Service Announcement

မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေ၊ လူ့အသက် ဆုံးရှုံးမှုတွေ အားလုံးဟာ ကြိုတင်တားဆီးနိုင်တဲ့၊ ရှောင်လွှဲနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ကြောင်း၊ အခုလို အဆုံးအရှုံးတွေ ကြုံရတာဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စနစ်တကျ ငြင်းပယ်မှု ပုံစံတစ်ခုဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံသား တက်ခ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ သွားလာခွင့် ပိတ်ပင်ထားတာတွေကို ဖယ်ရှားပေးဖို့ အရမ်းအရေးကြီးကြောင်း၊ ဒါမှသာ အဖိုးတန် လူ့အသက်တွေကို ကယ်တင်နိုင်မယ့် အထောက်အပံ့တွေ အမြန်ဆုံး ပေးပို့နိုင်မှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

မြန်မာစစ်တပ်က မိုခါဆိုင်ကလုန်းကြောင့် လူ ၁၄၈ ဦးသေပြီး အများစုက ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ တက်ခ်က မြန်မာ အာဏာပိုင်တွေဟာ ခေတ်အဆက်ဆက် ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစု တိုင်းရင်းသားတွေရဲ့ အခြေခံ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို မရပ်မနား ထိုးနှက် တိုက်ခိုက်နေခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံကို ခရီးစဉ်တွေ အများကြီး သွားရောက်ခဲ့ဖူးပြီး ရိုဟင်ဂျာတွေကို ဆိုးဆိုးရွားရွား အသွားအလာ ကန့်သတ်ထားတာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြောင်း၊ ဒီအခြေအနေတွေက ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်ခင် ကတည်းက ရှိနေခဲ့ကြောင်းလည်း တက်ခ်က ပြောကြားသွားပါတယ်။

မေလ ၂၃ ရက်မှာ ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ မုန်တိုင်းဒဏ် အဆိုးဆုံး ခံစားရတဲ့ ဧရိယာတွေက လူပေါင်း ၁.၆ သန်းလောက်အတွက် အကူအညီတွေ ပေးနိုင်ဖို့ အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်းလောက် လိုအပ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

Facebook