Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲ နှစ်လတာအတွင်း စစ်ကောင်စီတပ် ၁၀၀ ကျော်သေ၊ ၁၁ဦးအရှင်မိဟု ကော်ဘရာစစ်ကြောင်းထုတ်ပြန်

နှစ်လတာတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၁ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းလေးစင်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု အသိပေးထားသည်။

(နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️လက်နက်မျိုးစုံ ၄၀ကျော် သိမ်းဆည်းရရှိ၊ BGF စခန်းသုံးခု သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေး

▪️တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၁ဦးကျဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့၏ နှစ်လကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၁၁၄ဦး သေဆုံးပြီး ၁၂၉ ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း မတ်လ ကုန်ပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

(နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal Wings ၊ ရောင်နီတို့နှင့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ် များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက် ၁၁ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး (၆၀) မမပြောင်းရှည် တစ်လက်၊ (၆၀) မမပြောင်းတို တစ်လက်၊ (၄၀) မမ တစ်လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း (၄၁)လက် သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ BGFစခန်း သုံးခုကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

နှစ်လတာတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၁ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းလေးစင်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု အသိပေးထားသည်။

မြေပြင်တွင် အထိအနာများသောကြောင့် စစ်ကောင်စီဘက်မှ နှစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု (၂၂)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ထောင်ချီ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးများကြောင့် ပြည်သူတစ်ဦး သေ ဆုံး၊ နှစ်ဦး ဒဏ်ရာရရှိပြီး ပြည်သူပိုင်အဆောက်အဦး (၄၁)လုံးပျက်ဆီးခဲ့ကြောင်း၊ ကျွဲ၊ နွား တိရစ္ဆာန် (၁၀)ကောင်ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။