Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြား သီမစ်ချောင်းအနီး ချင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်ကျဆုံးရှိ

မေလ ၂၉ရက်တွင် ထိတွေ့တိုက်ပွဲ စတင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ဟားခါး CDF မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွား​နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - CDF၊ Chin Journal)
(ဟားခါး CDF မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွား​နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - CDF၊ Chin Journal)

▪️စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း၊ မြေပြင်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ

▪️CDFနှင့် CNA ပူးပေါင်းတပ် ၁၁ဦးကျဆုံး၊ ယနေ့ တိုက်ပွဲဆက်ဖြစ်နေ

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမစ်ဒေသသို့စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ချင်းတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

မေလ ၂၉ရက်တွင် ထိတွေ့တိုက်ပွဲ စတင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ ၂၉ရက်နေ့ကနေ ထိတွေ့မှုရှိလာတယ်။ မနေ့ညက နောက်ဆုံးသတင်းရတဲ့အထိကတော့ ကျနော်တို့ CDFနဲ့ CNAဘက်က ၁၁ဦးကျတယ်။ ၁၀ယောက်လောက် ဒဏ်ရာရတယ်”ဟု ချင်းတပ်​၏ သတင်းရင်းမြစ်က ပြောသည်။

(ဟားခါး CDF မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွား​နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - CDF၊ Chin Journal)
(ဟားခါး CDF မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွား​နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ – CDF၊ Chin Journal)

စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ဟားခါးနှင့် ဇိုဖေအပါအဝင် ဒေသတွင်း ချင်းကာကွယ်ရေးတပ်(CDF)တပ်များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မြေပြင်ဘက်ကလည်း အင်အားအရှိန်အဟုန်နဲ့ နောက်ပြီး လေယာဉ်နဲ့လည်း ပစ်ကူတယ်။ နောက်ပြီးတော့ ဟားခါးကနေ ၁၂၀က တအားကျတယ်။ အဲဒီမှာပဲ ကျဆုံးသူတွေက များသွားတာ။ လက်နက်ကြီးထိမှန်တဲ့အတွက်ကြောင့်ပဲ”ဟု ချင်းတပ် သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် ဟားခါးမြို့နှင့်နီး၍ စစ်ကောင်စီ၏ ဟားခါးအခြေစိုက်တပ်က လက်နက်ကြီး ပစ်ကူအားကောင်းနေကြောင်း ၎င်းက ဆိုသည်။

“ဒီမနက်လည်း အခုနလေးပဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ နောက်ဆုံးသတင်းရတယ်။ သူတို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိတယ်”ဟု ချင်းတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က အကျအဆုံးအတိအကျကို သီးခြားအတည်မပြုနိုင်သေးဟု ဆိုသည်။

စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

(ဟားခါး CDF မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွား​နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - CDF၊ Chin Journal)
(ဟားခါး CDF မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွား​နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ – CDF၊ Chin Journal)

“ကျနော်တို့ ဒီစစ်ကြောင်းကို အတက်နိုင်ဆုံး သူတို့စစ်ကြောင်းကို ဖြိုခွင်းနိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ နောက်အခု သူတို့ဘက်က သိမ်းထားတဲ့နေရာတချို့တွေလည်းရှိတယ်။ အဲဒါတွေကို ကျနော်တို့ အတက်နိုင်ဆုံးပြန်ထိန်းဖို့ ကြိုးစားနေတယ်”ဟု ချင်းတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

ယခင်နှစ်ကလည်း အဆိုပါဒေသသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင် လာ၍ ရက်ရှည်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။