Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ထိရောက်စွာတိုက်ခိုက်နိုင်ရေး ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်း စတင်ဖွဲ့စည်း

အဆိုပါတပ်ရင်းမှာ တပ်ရင်း(၅၁၀၁) ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လေ့ကျင့်ရည်ပြည့်ဝ၍ တိုက်ရည်ခိုက်ရည် ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော် ကောင်းများဖြင့် စုဖွဲ့ထားကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီကို ထိရောက်စွာတိုက်ခိုက်နိုင်ရေး ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်း စတင်ဖွဲ့စည်း
စစ်ကောင်စီကို ထိရောက်စွာတိုက်ခိုက်နိုင်ရေး ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်း စတင်ဖွဲ့စည်း

စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက် စွာ တိုက်ခိုက်ချေမှုန်းနိုင်ရန် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းကို ယနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က အသိပေးထုတ်ပြန်သည်။

အဆိုပါတပ်ရင်းမှာ တပ်ရင်း(၅၁၀၁) ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လေ့ကျင့်ရည်ပြည့်ဝ၍ တိုက်ရည်ခိုက်ရည် ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော် ကောင်းများဖြင့် စုဖွဲ့ထားကြောင်း ကြေညာခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်း၍ အကြမ်းဖက်စစ်ကောင်စီအား အပြီးတိုင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် နိုင်ငံတစ်ဝန်းရှိ စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများစဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲအနေဖြင့်နယ်မြေအခြေအနေအရ သာမကလုံခြုံရေးအရ ယခင်ကမြို့ပြပြောက်ကျားလှုပ်ရှားမှုများဖြင့်သာ စစ်ကောင်စီ ၏ ထောက်တိုင်များကို တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်း တပ်ရင်း/ တပ်ဖွဲ့များဖွဲ့စည်းရန် ညွှန်ကြားလာ၍ ယခုကဲ့သို့စုဖွဲ့လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း/တပ်ဖွဲ့များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စနစ်တကျစုဖွဲ့သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

“မြို့ပြရဲ့အခြေအနေဟာ တအိအိနဲ့ ဖြစ်လာသလို ရဲ ဘော်တွေလည်းတနေ့ထက်တနေ့နုတ်ယူခံနေကျရတယ်။ရန်ကုန်ဟာဗျူဟာကျတဲ့ မြို့ပြဖြစ်သလို ရန်သူ့လက်လုံးလုံးမရောက်သွားဖို့အရေးကြီးတဲ့ နေရာဖြစ်တယ်။အရင်ကရော အခုရော ရသလိုလုပ်နေရတဲ့ အပိုင်းတွေရှိတယ်။ဒါတော့ ရန်သူကို သတင်းမပေးလိုဘူး။အခုလို စနစ်တကျဖွဲ့စည်းပြီး စနစ်တကျ ထောက်ပံ့မှုတွေ ပိုရှိလာရင် ကပွဲတွေ ပိုမြိုင်လာလိမ့်မယ်။တော်လှန်သံတွေ ပိုကြားရမယ်ဆိုတာ သေချာပြောနိုင်တယ်”ဟု ရန်ကုန်အခြေစိုက် UG အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။