Connect with us

Hi, what are you looking for?

သတင်း

KNU ဖာပွန်ခရိုင်အတွင်း မေလတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် BGF ၁၂၀ကျော် သေဟု တပ်မဟာ (၅)ထုတ်ပြန်

စစ်ကောင်စီနှင့် BGFဘက်က သေဆုံးသူများထဲ၌ တပ်ခွဲမှူး တစ်ဦး၊ဒုတပ်ခွဲမှူး နှစ်ဦး ၊ တပ်ကြပ်ကြီး သုံးဦးပါဝင်ကြောင်း အတည်ပြုသိရသည်ဟု ထုတ်ပြန်သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU Mutraw News)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU Mutraw News)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၌ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်မှတပ်ဖွဲ့ဝင် ၁၂၂ဦးသေဆုံးကာ ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

မေလ ၁ရက်မှ ၃၁ရက်အတွင်း KNLA တပ်မဟာ (၅) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၂၀၀ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီနှင့် BGFဘက်က သေဆုံးသူများထဲ၌ တပ်ခွဲမှူး တစ်ဦး၊ဒုတပ်ခွဲမှူး နှစ်ဦး ၊ တပ်ကြပ်ကြီး သုံးဦးပါဝင်ကြောင်း အတည်ပြုသိရသည်ဟု ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာထောက်ပံ့ပို့ဆောင်ရေးယာဉ်(၆)စီးဖျက်ဆီးနိုင်ခဲ့ပြီး မြင်းလား(၆)ကောင်အား သုတ်သင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅) ဘက်က ရဲဘော် နှစ်ဦးကျဆုံးကာ ၁၀ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်က ပြည်သူလူထုများနေထိုင်ရာသို့ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူ တစ်ဦးသေဆုံးကာ ၂ဦးဒဏ်ရာရခဲ့ကြောင်း၊နေအိမ်ပျက်စီးမှုများလည်းရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် စစ်ကောင်စီတပ်က ပြည်သူလူထုထံမှငွေကြေးနှင့် ပစ္စည်းများ အဓမ္မလုယူမှုရှိခဲ့ကြောင်း KNLA တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။