Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှိူ့ဖျက်ဆီး၊ ကျေးရွာလေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

မေလ တတိယက စစ်ကိုင်းမြို့နယ် ပဒူကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကာ ပဒူကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

(မေလတတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်၏ ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းမြို့နယ် ပဒူကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မေလတတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်၏ ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းမြို့နယ် ပဒူကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ၎င်းတို့က ကျေးရွာ နှစ်ရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(မေလ ၂ ရက်) နေ့လည် ၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာမှလာသော စစ်ကား နှစ်စီးသည် လမ်းခုလတ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ အထိနာသွား၍ ကျောက်ပနန်ရွာနှင့် ရွာသစ်ကျေးရွာမှ နေအိမ်များ မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဆယ်လုံးလောက်တော့ ပါတယ်ပြောတယ်။ မနေ့ကမိုးတွေရွာလာတော့ တအားပါမသွားတာ။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေ၍ ကျေးရွာ လေးရွာထက်မနည်း ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

မေလ တတိယက စစ်ကိုင်းမြို့နယ် ပဒူကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကာ ပဒူကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးချိန်မှ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံးဖြင့် အများဆုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။