Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းမှုနဲ့ COVID-19 ကပ်ဘေးကြောင့် မြန်မာနိုင်ငံ အခြေအနေဆိုးရွားနေလို့ ကုလပြော

အ ာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်ကစလို့ လက်နက်ကိုင်ထိတွေ့တိုက်ပွဲတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူ ၂၂၀၀၀၀ ကျော်အထိ ရှိနေပါပြီ။

အကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်နဲ့ COVID-19 ကပ်ဘေးကြောင့် မြန်မာနိုင်ငံ အခြေအနေဆိုးရွားနေပြီး လူသားချင်းစာနာမှုအကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ ၃ သန်းလောက်ဟာ လူသားချင်း စာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကပြောပါတယ်။

အထိခိုက်ဆုံးသူတွေဟာ မြို့ပြဧရိယာ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ နေထိုင်တဲ့ မိသားစုတွေဖြစ်ပြီး မြန်မာပြည်ရဲ့အရှေ့တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာလည်း ပဋိပက္ခ ကြောင့် သက်ရောက်မှုရှိနေတယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်ကစလို့ လက်နက်ကိုင်ထိတွေ့တိုက်ပွဲတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူ ၂၂၀၀၀၀ ကျော်အထိ ရှိနေပါပြီ။

Public Service Announcement

Public Service Announcement

၂၀၂၁အတွက် လူသားချင်းစာနာမှုတုံ့ပြန်ရေးအစီအစဉ်ဟာ မြန်မာပြည်သူ ၃ သန်းကျော်ကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၅ သန်း လိုအပ်ပေမယ့် လက်ရှိအချိန်အထိ ၄၇ ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိသေးတယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဓါတ်ပုံ-အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ဖျက်ဆီး ခဲ့သဖြင့် ထန်တလန်မြို့ရှိနေအိမ်ပေါင်ဆယ်နှင့်ချီ၍ ပျက်စီးခဲ့ပြီး ယခုအခါထန်တလန်မြို့မှ ဒေသခံပြည်သူများမနေရဲတော့ဘဲ နေရပ်မှထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။

သတင်း

ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။