Connect with us

Hi, what are you looking for?

သတင်း

ပင်လယ်ဘူးမြို့နယ် ကြောင်လည်ရွာတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံး ထိခိုက်မှုများဟု​တော်လှန်​ရေးအဖွဲ့များ​ပြော

ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကင်းစခန်း လေးခုကို ဇွန်လ ၂ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့သေးသည်။

(ပင်လယ်ဘူးမြို့နယ် တည်​နေရာကို Google Map တွင်​တွေ့ပုံ)
(ပင်လယ်ဘူးမြို့နယ် တည်​နေရာကို Google Map တွင်​တွေ့ပုံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်၊ ကြောင်လည် ကျေးရွာတွင် ယမန်နေ့(ဇွန်လ ၆ရက်) နေ့လယ်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်းသေဆုံးပြီး ဂျက်ဖိုက်တာဖြင့် လေးကြိမ်လာရောက်တိုက်ခိုက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ကြောင်လည်ရွာတွင် ဇွန်လ ၆ရက် နေ့လယ် ၁နာရီခန့်မှစတင်၍ ၂နာရီနီးပါးကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ထက်မနည်း သေ တယ်။ သူတို့ လူတွေပိတ်မိနေလို့ ဂျက်ဖိုက်တာနဲ့ လေးကြိမ်ပစ်တယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ကြီးမားတဲ့အထိအခိုက်မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောသည်။

ပင်လည်ဘူးမြို့နယ်အတွင်း စစ်ကောင်စီအင်အား ၁၀၀ခန့်က စစ်ကောင်းထိုးဝင်ရောက်လာသည်ကို ပင်လည်ဘူးနှင့်ကောလင်းမြို့နယ်အပြင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“တပ်ရင်းကျပြီးသား အဖွဲ့တွေရော၊ လိုကယ်အဖွဲ့တွေပါ ပေါင်းတိုက်တာ။ မိုင်း‌လည်းဆွဲ၊ ရင်ဆိုင်လည်း ပစ်ပေါ့ဗျာ။ ပွဲကတော့ တော်တော်လေး ကောင်းခဲ့ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပင်လည်ဘူးမှ ကန့်ဘလူမြို့နယ်ဘက်သို့ ထွက်ခွာလာ၍ ဒေသခံများ ယာယီတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ကန့်ဘလူမြို့တွင်လည်း စစ်ကောင်စီစစ်ကောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေပြီး ‌ချပ်သင်းနှင့် ချပ်ကြီးရွာကြားတွင် မေလ ၆ရက် ညနေက စစ်ကောင်စီယဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

“ချပ်သင်းနှင့် ချက်ကြီးကြားက ဖလားရရွာမှာ မိုင်းအတွဲလိုက်ဆွဲတာ။ ဘယ်လောက်သေသွားလဲတော့ သတင်းအတိအကျမရသေးပါဘူး။ တစ်စီးကတော့ လမ်းဘေး ထိုးကျသွားတာ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကင်းစခန်း လေးခုကို ဇွန်လ ၂ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ပွဲတွင် စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကောင်သီလေကြောင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ယင်းနေ့ တိုက်ပွဲတွင် ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ပင်လယ်ဘူး၊ ကန့်ဘလူတို့နှင့် ထိစပ်နေသော ကောလင်းမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်နေသည်။ ကောလင်းမြို့နယ် ဥမင်ကုန်းရွာတွင် ဇွန်လ ၄ရက် ညနေက တိုက်ပွဲဖြစ်ခဲ့ရာ စစ်‌ကောင်စီတပ်အထိနာခဲ့ပြီး ဖျက်ဖိုက်တာဖြင့် လာရောက် ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။

“ဥမင်တောနဲ့ တောင်ပလူရွာကြားမှာ တိုက်ပွဲဖြစ်တာ။ စစ်တပ်ဘင်က ၁၅ယောက်ထက်မနည်းဘူး သေပါတယ်။ ဂျက်ဖိုက်တာက တံတားဦးက တက်လာပြီး ချောင်းကွေ့ရွာကို မှားပစ်သွားတာ။ လူမထိပါဘူး။ အိမ်နှစ်လုံးနဲ့ အိမ်မွေးတိရိစ္ဆာန်တချို့တော့ ထိတယ်”ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ယခုရက်ပိုင်းတွင် ကောလင်း၊ကန့်ဘလူ၊ ပင်လည်ဘူး ဒေသများမှ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ကာကွယ်ရေရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ယမန်နေ့က ကြောင်လည်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ပါ သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။