Connect with us

Hi, what are you looking for?

သတင်း

မအူပင်မြို့အနီးဗဟိုပြု ငလျင်လှုပ်ခတ် သီလရှင်နှစ်ဦးအပါအဝင် ၃ဦး အုတ်တံတိုင်းပိ၍​သေဆုံးဟုကနဦးသတင်းရရှိ

ငလျင်သည် မြေအနက် ၁၆ ကီလိုမီတာ(၁၀ မိုင်ခန့်)တွင် ဗဟိုပြလှုပ်ရှားခဲ့သည်ဟု USGS က ထုတ်ပြန်ထားသည်။ ​မြေအနက် ၁၀ မိုင်​အောက် လှုပ်ခတ်ပါက ​ဇောက်တိမ်ငလျင်ဟုသတ်မှတ်ပြီး ​မြေအနက် ၁၀ မိုင်​ကျော်လျှင်ဇောက်နက်ငလျင်ဟုသတ်မှတ်သည်။ ​ဇောင်တိမ် ငလျင်မှာဖျက်အားပိြကြီးသည်။

(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)

▪︎​ရွှေဘုန်းမြင့်ဘုရားထီး​တော် တိမ်း​စောင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ဒဿမ၈ အဆင့်ရှိအင်အားအသင့်အတင့်ရှိ​​သော​မြေငလျင် ယနေ့(ဇွန် ၇) ညနေ ညနေ ၄နာရီ ၂၄မိနစ်က လှုပ်ခတ်သွားရာ မအူပင်မြို့ရှိ အဆောက်အအုံအချို့ ပျက်စီးမှုများရှိခဲ့ပြီး အုတ်တံတိုင်းပြိုကျ၍ သီလရှင် ၂ ဦးအပါအဝင် သုံးဦး သေဆုံးသွားကြောင်းကနဦးသတင်းရရှိသည်။

“မအူပင်နည်းပညာတက္ကသိုလ်အုတ်နံရံ‌တွေကွာကျတယ်။ ရွှေဘုန်းမြင့်ဘုရားဘေးက အုတ်တံတိုင်းပြိုကျလို့ပိပြီး သီလရှင်လေးနှစ်ပါးနဲ့ လူတစ်ယောက် သေဆုံးတယ်” ဟု မအူပင်မြို့ခံတဦးကပြောသည်။

(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)
(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)

ထိုအပြင် ​ရွှေဘုန်းပွင့်ဘုရား ထီး​​တော် တိမ်း​စောင်းသွား​သည်ကိုလည်း လူမှုကွန်ယက်​ပေါ်တက်လာ​သော သတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

သို့​သော်ပျက်စီးထိခိုက်မှုအသေးစိတ်အခြေအနေကိုမူPeople’s Spring ကဆက်လက်စုံစမ်း​နေဆဲဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ငလျင်သည် မအူပင်မြို့အနီး ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၄ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်သွားခြင်းဟုကမ္ဘာတစ်ဝန်း​မြေငလျင်လှုပ်ခပ်မှုများကို​စောင့်ကြည့်သတိ​ပေး​နေ​​သော အမေရိကန် ဘူမိလေ့လာရေးဌာန USGS က ထုတ်ပြန်ထားသည်။

(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)
(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)

ငလျင်သည် မြေအနက် ၁၆ ကီလိုမီတာ(၁၀ မိုင်ခန့်)တွင် ဗဟိုပြလှုပ်ရှားခဲ့သည်ဟု USGS က ထုတ်ပြန်ထားသည်။ ​မြေအနက် ၁၀ မိုင်​အောက် လှုပ်ခတ်ပါက ​ဇောက်တိမ်ငလျင်ဟုသတ်မှတ်ပြီး ​မြေအနက် ၁၀ မိုင်​ကျော်လျှင်ဇောက်နက်ငလျင်ဟုသတ်မှတ်သည်။ ​ဇောင်တိမ် ငလျင်မှာဖျက်အားပိြကြီးသည်။

ရန်ကုန်မြို့တွင်လည်း ငလျင်လှုပ်ရှားမှု သိသိသာသာခံစားခဲ့ရပြီး နောက်ဆက်တွဲငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့သည်ဟုရန်ကုန် မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။