Connect with us

Hi, what are you looking for?

News

လူသုံးကုန်နှင့်​ဆေးဝါးများကိုသင့်တင့်​သောနှုန်းဖြင့်​ရောင်းချရန် မုံရွာမြို့ ပြည်သူအုပ်ချုပ်​ရေးအဖွဲ့တိုက်တွန်း

ဒေါ်လာဈေး မြင့်တက်လာချိန်တွင် ကုန်ဈေးနှုန်းထိန်းချုပ်ရန်အတွက် မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

မုံရွာမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လူသုံးကုန်နှင့်ဆေးဝါးများရောင်းချရာတွင် သင့်တင့်သော နှုန်းထားများဖြင့်သာရောင်းချရန် မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းလိုက်သည်။

ဒေါ်လာဈေး မြင့်တက်လာချိန်တွင် ကုန်ဈေးနှုန်းထိန်းချုပ်ရန်အတွက် မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ထိုတိုက်တွန်းချက်တွင် ပြည်သူအချင်းချင်းရိုင်းပင်ကူညီ၍ သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းချရန်အပြင် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သတ်ခြင်းမပြုရန်လည်းပါဝင်သည်။ ထိုပြင် နွေဦးတော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အားဖြည့်ကူညီရန်လည်း မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

စက်တင်ဘာလ ၂၈ ရက်တွင် တစ်ဒေါ်လာကို ၃၂၀၀ကျပ်နှင့် ရွှေတစ်ကျပ်သားကို ၂၂သိန်းကျော်အထိ မြင့်တက်ခဲ့သည်။ထို​ကြောင့် ပြည်သူများကကုန်​ဈေးနှုန်းများအဆမတန်ကြီးလာမည်ကို စိုးရိမ်​နေကြသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ယခုနှစ် ​ဖေ​ဖော်ဝါရီ လကုန်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၊ ၂၀၂၀​ရွေး​ကောက်ပွဲအနိုင်ရအမတ်များဖြင့်ဖွဲ့စည်းထား​သောပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ (CRPH) ၏ ကြားကာလပြည်သူ့အုပ်ချုပ်​ရေးအစီအစဥ်အတိုင်းဖွဲ့စည်းထားသည်ဟုဆိုသည်။ ထို​ကြောင့် CRPH ကိုတာဝန်ခံပြီး မုံရွာမြို့နယ်လုံးဆိုင်ရာလူထုသပိတ် တိုက်ပွဲ​ဦးဆောင်​ကော်မတီနှင့်ချိတ်ဆက်​ဆောင်ရွက်​နေ​သောအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။