Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်စစ်မြေပြင်သို့ စစ်ကောင်စီက အရပ်ဝတ်များဖြင့်အင်အားဖြည့်မည်ဟု အတွင်းသတင်း ရထားကြောင်း CNF ပြော

လတ်တလောတွင် ချင်းပြည်နယ် ဟားခါးမြို့၌ ထန်တလန်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုဆိုသည်။ ဇွန်လအတွင်း တိုက်ပွဲများ၌ နှစ်ဖက်ကျဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

(ချင်းပြည်နယ်ရှိ လမ်းပိုင်းတစ်ခုတွင်တွေ့ရသော ယာဥ်များ။ ဓာတ်ပုံ - The Chin Journal)
(ချင်းပြည်နယ်ရှိ လမ်းပိုင်းတစ်ခုတွင်တွေ့ရသော ယာဥ်များ။ ဓာတ်ပုံ - The Chin Journal)

▪️ထန်တလန်သို့ ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် တိုက်ပွဲဆက်ဖြစ်နိုင်ဟုဆို

ချင်းပြည်နယ် စစ်မြေပြင်သို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းရာတွင် အရပ်ဝတ်များ၊ အရပ်သားယာဉ်များသုံးကာ ဗျူဟာပြောင်းလုပ်ဆောင်မည်ဟု အတွင်းသတင်းရထားကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အများပြည်သူ ခရီးသွားယာဉ်များမှ စစ်ကောင်စီတပ်၏ အဖွဲ့ဝင်သို့မဟုတ် လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်းနှင့် ချင်းပြည်သို့ ဒေသခံ ချင်းပြည်သူများမှအပ ပြင်ပမှခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ကြေညာချက်ကို CNFက ယနေ့ ထုတ်ပြန်သည်။

ယင်းသို့ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ဆလိုင်းထက်နီက “အရင်က စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ အင်အားအလုံးအရင်းနဲ့ တက်လာတယ်။အခုက အဲဒီလို မျိုးမဟုတ်ဘဲနဲ့ စစ်ဗျူဟာကို ပြောင်းလိုက်တယ်။ သူတို့စစ်ကူတွေကို လူအင်အား လက်နက်အင်အား ပို့ရင် မြေပြန့်ကနေ မှတ်ပုံတင်တွေလုပ်ပြီး အရပ်ဝတ်ပုံစံနဲ့ တက်လာတယ်လို့ ကျနော်တို့က အတွင်းသတင်းရရှိထားတာရှိပါတယ်။ ပြီးတော့ ကျနော်တို့ က တိုက်ပွဲမရှိတဲ့နေရာ ပြည်သူလူထုတွေ စားဝတ်နေရေး ခရီးသွားလာရေးလွယ်ကူအောင်ဆိုပြီးလမ်းကို ဖွင့်ပစ်တယ်။ အဲဒါကို စစ်ကောင်စီက အလွဲသုံးစားလုပ်ပြီး သူတို့ စစ်ရေးဆိုင်ရာ ကျနော်တို့ကို ချေမှုန်းနိုင်ဖို့ အဲဒီလို လုပ်နေတယ်လို့ သတင်းအခိုင်အမာရထားတာရှိတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် စစ်ကောင်စီတပ်၏ အင်အားတည်ဆောက်မှုကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ကာကွယ်နိုင်ရန် စစ်ရေးဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် ချင်းပြည်နယ် ဟားခါးမြို့၌ ထန်တလန်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုဆိုသည်။ ဇွန်လအတွင်း တိုက်ပွဲများ၌ နှစ်ဖက်ကျဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲကတော့ ဆက်လက်ပြီးတော့ စစ်ကောင်စီအနေနဲ့ ထန်တလန်အထိကို တိုးလာဖို့တော့ သူတို့က ဆက်လက်ပြီးတော့ စစ်ရေးက ထိုးနေတာပေါ့။ ဒါပေမဲ့ ရှေ့ဆက်ပြီးမတိုးနိုင်ဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

ထိုသို့ ထိုးစစ်ဆင်ရာ၌ လူအင်အားဖြည့်တင်းမှုများကို လေကြောင်းမှ လုပ်ဆောင်ပါက များစွာ မထိရောက်၍ အရပ်ယာဉ်များ သုံးပြီး အင်အားဖြည့်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျနော်တို့လည်း အခိုင်အမာပြင်ဆင်ထားတယ်။ သူတို့က တိုးလုပ်နေသရွေ့ စစ်ရေးက ဆက်ဖြစ်နေအုံးမယ့်အနေအထားပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါး – ထန်တလန်မြို့နယ်ကြားကို စစ်ကောင်စီတပ် မြေပြင်မှစစ်ကြောင်းထိုးပြီး လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရာ မေလ ၂၉ရက်မှ ဇွန်လပထမပတ်အတွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook