Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ် ထွေအုပ်ရုံးအစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဗုံးဟာ အဆောက်ဦးပေါ် ကျရောက်ပေါက်ကွဲလို့ အစည်းအဝေးတက်ရောက်လာသူတွေထဲက မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ဖို့ပြင်ဆင်နေစဉ်(ပုံဟောင်း)
စစ်ကောင်စီတပ်ကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ဖို့ပြင်ဆင်နေစဉ်(ပုံဟောင်း)

ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ရဲ့ စစ်ကောင်စီထွေအုပ်ရုံးမှာ ဇွန်လ ၉ ရက် မနက်ပိုင်း အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ ဗုံးချခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

မနက်ပိုင်း ၁၀နာရီ ခန့်က ထွေအုပ်ရုံးမှာ ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံအစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ ဗုံးချခံရတာပါ။

ဗုံးဟာ အဆောက်ဦးပေါ် ကျရောက်ပေါက်ကွဲလို့ အစည်းအဝေးတက်ရောက်လာသူတွေထဲက မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး သေဆုံးသွားပါတယ်။

ဒါအပြင် မီးသတ်၊ ထွေအုပ်နဲ့ စစ်သား အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ လူမှုကွန်ရက်တွေမှာ ဓာတ်ပုံတွေနဲ့ သတင်းဖော်ပြတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူတွေကိုတော့ ကျောက်ကြီးဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ ၆ ရက်ကတင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းဒေသက စစ်ကောင်စီတပ်စခန်းနဲ့ နယ်မြေရဲစခန်းတွေကို KNU နဲ့ပူးပေါင်းတပ်တွေက ဝင်တိုက်ခိုက်ခဲ့တာရှိပါတယ်။

ဇွန်လ ၆ ရက်ကတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၄၀ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ − Federal Wings

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook