Connect with us

Hi, what are you looking for?

သတင်း

ရဲဘော်နှစ်ဦးကိုဖမ်းဆီးပြီး လမ်းပြခိုင်းသည့် စစ်​ကောင်စီတပ်အားPDFများတိုက်ခိုက်၍ကယ်တင်

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသော တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဝင်ရဲ ဘော်နှစ်ဦးသည် ဇွန် ၅ ရက်က နယ်မြေကွင်းဆင်းစဥ် ကျောက်တံခါးမြို့နယ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းရဲဘော်နှစ်ဦးအား စစ်တပ်က လမ်းပြအဖြစ်ခေါ်ဆောင်၍ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

(ပဲခူး​ဒေသ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Bago RegionPDF)
(ပဲခူး​ဒေသ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Bago RegionPDF)

နယ်မြေကွင်းဆင်းရင်း ဖမ်းဆီးခံလိုက်ရသည့် ရဲ ဘော်နှစ်ဦးကို လမ်းပြခိုင်း၍ ရိုးမထဲစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို လမ်းမှစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ကာ ရဲဘော်နှစ်ဦးအား ကယ်ထုတ်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ဇွန် ၁၁ ရက်နေ့ နေ့လယ် ၃ နာရီ ၄၀ ခန့်က အင်အား ၂၀ ခန့်ဖြင့် အုတ်ဖိုမြို့နယ် ဝိုင်းရွာရဲစခန်းမှတဆင့် ဂမုန်းဆည် ကန့်နီကျေးရွာဘက်မှ ပဲခူးရိုးမလမ်းဟောင်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို ရေးမြောင်ချောင်းကားလမ်းဟောင်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေးဦးထက်မနည်းသေဆုံးကာ ဖမ်းဆီးခံထားရသော ရဲဘော်နှစ်ဦးအား အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

“ကျွန်တော့်ရဲဘော်၂ ဦးကို ကယ်ရမဲ့ဗျူဟာလေးပေါ်လာတာနဲ့ သေချာဆုံးဖြတ်ချက်ချပြီး တိုက်ခဲ့တာဗျ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသော တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဝင်ရဲ ဘော်နှစ်ဦးသည် ဇွန် ၅ ရက်က နယ်မြေကွင်းဆင်းစဥ် ကျောက်တံခါးမြို့နယ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းရဲဘော်နှစ်ဦးအား စစ်တပ်က လမ်းပြအဖြစ်ခေါ်ဆောင်၍ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်ခဲ့သော်လည်း ရဲဘော်နှစ်ဦးအားကယ်တင်၍ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က အသိပေးထားသည်။

ပြီးခဲ့သည့် မေ ၃၀ ရက်ကလည်း အုတ်ဖိုမြို့နယ် ဝိုင်းရဲကင်းမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တပ်ခွဲ ၅ Hero ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။