Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲဘော်နှစ်ဦးကိုဖမ်းဆီးပြီး လမ်းပြခိုင်းသည့် စစ်​ကောင်စီတပ်အားPDFများတိုက်ခိုက်၍ကယ်တင်

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသော တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဝင်ရဲ ဘော်နှစ်ဦးသည် ဇွန် ၅ ရက်က နယ်မြေကွင်းဆင်းစဥ် ကျောက်တံခါးမြို့နယ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းရဲဘော်နှစ်ဦးအား စစ်တပ်က လမ်းပြအဖြစ်ခေါ်ဆောင်၍ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

(ပဲခူး​ဒေသ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Bago RegionPDF)
(ပဲခူး​ဒေသ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Bago RegionPDF)

နယ်မြေကွင်းဆင်းရင်း ဖမ်းဆီးခံလိုက်ရသည့် ရဲ ဘော်နှစ်ဦးကို လမ်းပြခိုင်း၍ ရိုးမထဲစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို လမ်းမှစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ကာ ရဲဘော်နှစ်ဦးအား ကယ်ထုတ်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ဇွန် ၁၁ ရက်နေ့ နေ့လယ် ၃ နာရီ ၄၀ ခန့်က အင်အား ၂၀ ခန့်ဖြင့် အုတ်ဖိုမြို့နယ် ဝိုင်းရွာရဲစခန်းမှတဆင့် ဂမုန်းဆည် ကန့်နီကျေးရွာဘက်မှ ပဲခူးရိုးမလမ်းဟောင်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို ရေးမြောင်ချောင်းကားလမ်းဟောင်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေးဦးထက်မနည်းသေဆုံးကာ ဖမ်းဆီးခံထားရသော ရဲဘော်နှစ်ဦးအား အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

“ကျွန်တော့်ရဲဘော်၂ ဦးကို ကယ်ရမဲ့ဗျူဟာလေးပေါ်လာတာနဲ့ သေချာဆုံးဖြတ်ချက်ချပြီး တိုက်ခဲ့တာဗျ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသော တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဝင်ရဲ ဘော်နှစ်ဦးသည် ဇွန် ၅ ရက်က နယ်မြေကွင်းဆင်းစဥ် ကျောက်တံခါးမြို့နယ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းရဲဘော်နှစ်ဦးအား စစ်တပ်က လမ်းပြအဖြစ်ခေါ်ဆောင်၍ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်ခဲ့သော်လည်း ရဲဘော်နှစ်ဦးအားကယ်တင်၍ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က အသိပေးထားသည်။

ပြီးခဲ့သည့် မေ ၃၀ ရက်ကလည်း အုတ်ဖိုမြို့နယ် ဝိုင်းရဲကင်းမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တပ်ခွဲ ၅ Hero ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။