Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် ဆားလင်းကြီးနယ်တွင် နေအိမ်များမီးရှို့ခံထားရသည့် ပြည်သူများ စားဝတ်နေရေးခက်ခဲနေ

ဇွန်လ ၉ ရက်မှစတင်ကာ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်ရှိ ကျေးရွာများနှင့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု ရက်တစ်ပတ်နီးပါး ပြုလုပ်ခဲ့သည်။

ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ
ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်တလောမီးရှို့ဖျက်ဆီးခံထားရသည့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးအခက်အခဲများ ရှိနေကြောင်း ဒေသတွင်းစစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ဇွန်လ ၉ ရက်မှစတင်ကာ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်ရှိ ကျေးရွာများနှင့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု ရက်တစ်ပတ်နီးပါး ပြုလုပ်ခဲ့သည်။

ညောင်ပင်ကြီးကျေးရွာအနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ရက်သတ္တပတ်ကျော်သည်အထိ မီးရှို့ဖျက်ဆီးနေရာ ကျေးရွာ ငါးရွာထက်မနည်း၊ နေအိမ် ၃၀၀ကျော် မီးလောင်ပြာကျခဲ့သည်။

ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ
ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ

စစ်ဘေးရှောင်ဦးရေ ထောင်ချီရှိနေပြီး လက်တလောစားနပ်ရိက္ခာအခက်အခဲများရှိနေ​ကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

Public Service Announcement

Public Service Announcement

“အခက်ခဲရှိတယ်။ ရေရှည်မှာမလွယ်ဘူး။ လောလောဆယ် စစ်ရှောင်အတွက်ငွေလိုနေပါတယ်။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်အတွင်းရှိ ကျေးရွာများကို ဇွန်လ ၉ ရက်ကတည်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေ၍ ကျေးရွာအများအပြားမှ အိမ်ခြေရာနှင့်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။ သာဇင်ရွာမှာ အိမ်ခြေ ၇၀၀ခန့် ပြာကျခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

စစ်ဘေးရှောင်ပြည်သူများအား အနီးဝန်းကျင်ရွာများက ချက်ပြုတ်ကျွေးမွေးနေသော်လည်း စစ်ဘေးရှောင်အရေအတွက်များပြားနေ၍ လက်တလောစားရေးသောက်ရေးအခက်အခဲများတွေ့နေကြောင်း ဒေသခံများက ပြောသည်။

“သာဇင်ရွာမှာက စေတီလေးတစ်ဆူနဲ့ ဇရပ်ကလေးတစ်ဆောင်ပဲ ကျန်ရစ်ခဲ့တယ်။ အကုန်ပြာကျသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ
ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ

စစ်ကောင်စီတပ်မှာ အဆိုပါကျေးရွာများအတွင်း တပ်စွဲထား၍ မီးလောင်ပျက်စီးသည့် နေအိမ်အရေအတွက်မှာ အတိအကျမသိရသေးပေ။

ဆားလင်းကြီးနယ်ရှိ ကျေးရွာများမှာ ညောင်ပင်ကြီးစခန်းစီးနင်းတိုက်ခိုက်ခံရပြီးနောက် မီးရှို့ခံရခြင်းဖြစ်ပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်း သေဆုံးခဲ့သည်။

ညောင်ပင်ကြီးရဲစခန်းသိမ်းပြီးနောက် စစ်ကောင်စီကတပ်စွဲထား၍ ဒေသခံပြည်သူ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင်ပြည်သူများမှာ နီးစပ်ရာကျေးရွာများ၌ ခိုလှုံနေရပြီး စားဝတ်နေရေးအခက်အခဲတွေ့နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ
ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ

“ယာယီစစ်ရှောင်စခန်း လေးနေရာတော့ရှိတယ်။တချို့ပြည်သူတွေက လယ်ကွင်းပြင်ထဲ အမိုးမလုံအကာမလုံနဲ့ စစ်ရှောင်နေရတယ်M စစ်ရှောင်တွေအနေနဲ့ဒီနေနဲ့ဆို၉ရက်ရှိပြီ။ရက်ကြာလာတော့ စားဝတ်နေရေးအခက်ခဲဖြစ်တာပေါ့ဗျာ။” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူက ပြောသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။