Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်အရှေ့တောင်ပိုင်းက ပြည်သူတွေစစ်တပ်ကြောင့် ဆိုးရွားတဲ့အခြေအနေကြုံနေရ

အရှေ့တောင်ပိုင်းဒေသတွေမှာ ကရင်ပြည်နယ် ၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တို့ပါဝင်ကြပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းက ပြည်သူတွေစစ်တပ်ကြောင့် ဆိုးရွားတဲ့အခြေအနေကြုံနေရ
မြန်မာပြည်အရှေ့တောင်ပိုင်းက ပြည်သူတွေစစ်တပ်ကြောင့် ဆိုးရွားတဲ့အခြေအနေကြုံနေရ

မြန်မာပြည်အရှေ့တောင်ပိုင်း ဒေသတွေက ကျေးရွာတွေမှာ အရပ်သားပြည်သူတွေ ကို ဦးတည်ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ် စေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဇွန်လ ၁၆ ရက်မှာထုတ်ပြန်တဲ့အစီရင်ခံမှာဖော်ပြပါတယ်။

အရှေ့တောင်ပိုင်းဒေသတွေမှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တို့ပါဝင်ကြပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းက ပြည်သူတွေစစ်တပ်ကြောင့် ဆိုးရွားတဲ့အခြေအနေကြုံနေရ
မြန်မာပြည်အရှေ့တောင်ပိုင်းက ပြည်သူတွေစစ်တပ်ကြောင့် ဆိုးရွားတဲ့အခြေအနေကြုံနေရ

ဇွန်လ ၁၆ ရက်ကထုတ်ပြန်တဲ့ KHRG ရဲ့အစီရင်ခံစာကတော့ မြန်မာပြည်အရှေ့တောင်ပိုင်း ရှိ ရွာတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ဖော်ထုတ် တဲ့အစီရင်ခံစာပါ။

အဲဒီအစီရင်ခံစာမှာ စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးသတ်ဖြတ်တာ ၊လေကြောင်းကနေ တိုက်ခိုက်တာ ၊ လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်တာ ၊ အဓမ္မဖမ်းဆီးတာ ၊လူထုရဲ့ပိုင်ဆိုင်မှုကို ဖျက်ဆီးတာတွေက ဒေသတွင်းလူမှုအသိုက်အဝန်းအပေါ် ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဒါတွေကို နောက်ဆက်တွဲအနေနဲ့ ဖြစ်ပွားစေတယ်ပေါ့ ” လို့ KHRG ရဲ့ စည်းရုံးလှုံဆော်ရေး တာဝန်ခံ စောနန္ဒဆူးက ဆိုပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းက ပြည်သူတွေစစ်တပ်ကြောင့် ဆိုးရွားတဲ့အခြေအနေကြုံနေရ
မြန်မာပြည်အရှေ့တောင်ပိုင်းက ပြည်သူတွေစစ်တပ်ကြောင့် ဆိုးရွားတဲ့အခြေအနေကြုံနေရ

မြန်မာပြည်အရှေ့တောင်ပိုင်းက ပြည်သူတွေဟာယခင်စစ်အစိုးရ လက်ထက်က ကြုံခဲ့ရတာတွေကို စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီးမှာ ဆက်လက်ကြုံတွေ့နေရတယ်လို့ KHRG က အစီရင်ခံစာမှာဖော်ပြပါတယ်။

အရပ်သားပြည်သူတွေ မတရားဖမ်းခံရတာ ၊ညှင်းပန်းနှိပ်စက်ခံရတာ ၊သတ်ဖြတ်ခံရတာနဲ့ ရွာလုံးကျွတ်မီးရှို့ခံရတာတွေဆက်ဖြစ်နေတုန်းပဲလို့ KHRG ရဲ့ စည်းရုံးလှုံဆော်ရေး တာဝန်ခံ စောနန္ဒဆူးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။