Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ​မွေး​နေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် “မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်” စာတန်းချိတ်စွဲဆန္ဒပြ

ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်စွာ စစ်ဆေးနေသည့်ကြားမှ YRF ၏ Soft Strike Community မှ ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ “We Miss You” ဟူသော စာသားပါ ဘန်နာအား ချိတ်စွဲခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Yangon Revolution Force - YRF
ဓာတ်ပုံ - Yangon Revolution Force - YRF

ယနေ့ ကျရောက်သော နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့ တစ်နေရာတွင် “မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်” (“We Miss You”) စာတန်းကို ချိတ်စွဲခဲ့သည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်စွာ စစ်ဆေးနေသည့်ကြားမှ YRF ၏ Soft Strike Community မှ ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ “We Miss You” ဟူသော စာသားပါ ဘန်နာအား ချိတ်စွဲခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Yangon Revolution Force - YRF
ဓာတ်ပုံ – Yangon Revolution Force – YRF

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ယနေ့ထိ ပြင်ပ ဧည့်သည်များနှင့် တွေ့ဆုံခွင့်မရဘဲ စစ်ကောင်စီနှင့် ဆက်နွယ်သူများဖြင့်သာ တွေ့ဆုံခွင့်ရနေသော်လည်း ပြည်သူလူထုအနေဖြင့် အချိန်အတိုင်းအတာ ၂ နှစ်ကျော်လာသည်အထိ မတွေ့ရ၊ မကြားရသည့်တိုင် ၎င်းအား အစဉ်အမြဲပင် အောက်မေ့သတိရလျက် ရှိနေကြောင်း YRF က ဆိုသည်။

တချိန်ချိန်၌ “ကျွန်မတို့ပြည်သူတွေ အရမ်းတော်တယ်” ဟူသော စကားသံနှင့်အတူ ရွှင်ပြုံး အားရသောမျက်နှာဖြင့် မိန့်ခွန်းပြန်လည်ပြောကြားမည့်ရက်အား စောင့်မျှော်နေသူများလည်း ရှိနေကြောင်းလည်း YRF အဖွဲ့က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Yangon Revolution Force - YRF
ဓာတ်ပုံ – Yangon Revolution Force – YRF

ထို့အပြင် နောက်နှစ်မွေးနေ့တွင် သူချစ်သည့် ပြည်သူများနှင့်အတူ မွေးနေ့ကျင်းပခွင့် ရပါစေကြောင်းနှင့် မွေးနေ့ရှင်အပါအဝင် မတရား အဖမ်းဆီးခံရသူများအားလုံး တော်လှန်ရေးအောင်ပွဲနှင့်အတူ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေကြောင်း YRFအဖွဲ့က မွေးနေ့ ဆုမွန်ကောင်း တောင်းထားသည်။

ထို့အပြင် “ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့် “You should never let your fears prevent you from doing what is right” ( သင့်ရဲ ​ကြောက်စိတ်က သင့်မှန်တာ​တွေ လုပ်ဖို့ကာဆီးတာမျိုးဘယ်​တော့မှ ခွင့်မပြုသင့်ဘူး)ဟူသော စကားနှင့်အတူ တော်လှန်တိုက်ပွဲဝင်သွားကြရအောင်”ဟုလည်း YRF ကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

Facebook